အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း(၆)ချက် အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း(၆)ချက်ငယ်ကချစ်အနှစ်တစ်ရာမမေ့သာငယ်ကပေါင်းအနှစ်တစ်သောင်းမမေ့ကောင်းဆိုတဲ့ဆိုရိုးကိုကြားဖူးကြမှာပါ မြန်မာဓလေ့မှာငယ်လင်ငယ်မယားဆိုတဲ့အသုံးအနှုန်းလည်း ရှိပါတယ်မြန်မာ့အယူအဆမှာ အသက်ငယ်တုန်းလက်ထပ်တာဟာလည်းကောင်းတယ်ဆိုပြီးပြောစမှတ်ပြုကြပါတယ် ဒါပေမယ့်ပြောင်းလဲလာတဲ့ ခေတ်မှာအသက်ငယ်တုန်းလက်ထပ်လည်းမကောင်းတော့ပါဘူးအများစုသတ်မှတ်ထားတဲ့ အရွယ်ဟာ၂၆နှစ်ကစပြီးနောက်ပိုင်းမှာလက်ထပ်သင့်တယ်လို့ဆိုပါတယ်1.အဆင်သင့်မဖြစ်သေးအသက်၂၀လောက်မှာ အိမ်ထောင်ပြုလိုက်တယ်ဆိုပါစို့။မိဘကထောက်ပံ့ပေးနိုင်တဲ့သူများကကိစ္စမရှိပါဘူးကမန်းကတန်းယူလိုက်ရတဲ့လင်မယားများကတော့အခက်တွေ့နိုင်ပါတယ်ငွေကြေးလည်းအဆင်သင့်မဖြစ်သေးသလို နေထိုင်စရာအတွက်လည်း စိတ်မချရသေးပါဘူး။2.စိတ်ဖိစီးမှုများနိုင်လခထုတ်ပြီးဆိုတာနဲ့အိမ်လခရေမီတာစားစရိတ်သုံးစရိတ်သာရေးနာရေးစတာတွေကိုအမြီးနှုတ်ခေါင်းနှုတ်နဲ့လုံလောက်တဲ့စုဆောင်းငွေကိုရရှိနိုင်မှာမဟုတ်ပါဘူးအရေးပေါ်အခြေအနေမျိုးမှာ ငွေလိုခဲ့ရင်လည်းခေါင်းပေါ်ကိုအထုပ်ကြီးကြီးပိလာနိုင်ပါတယ်။3.ဘဝအခြေမခိုင်။ငယ်တုန်းမှာတက်လမ်းများများရှာထားပြီးကြိုးစားလိုက်ရင်နောက်ပိုင်းမှာဘာမှစိတ်ပူစရာမလိုတော့ပါဘူးအိမ်ထောင်ရေးကကြားဖြတ်ဝင်လာတဲ့အချိန်မှာ သင့်ဘဝတိုးတက်ဖို့ကလည်း နှောင့်နှေးသွားမှာဖြစ်ပါတယ်4.ဒေါသဖြစ်လွယ်အရမ်းချစ်လို့ယူထားကြပေမယ့်အဆင်မပြေလို့စိတ်ညစ်ရတဲ့အခါသင့်အိမ်ထောင်ဖက်အပေါ် အပြစ်ပုံချချင်စိတ် ပေါ်လာတတ်ပါတယ်ဖွင့်မပြောဖြစ်ရင်တောင်မှ သင်ဟာအိမ်ထောင်သည်ဘဝကိုသိပ်မနှစ်သက်တော့ပါဘူး5. သားရေးသမီးရေးကလေးမရှိတဲ့အိမ်ထောင်သည်တွေကစိတ်မပူရပါဘူးအိမ်ရဲ့ရတနာလေးတွေဖြစ်တဲ့ကလေးလေးတွေရလာပြီဆိုရင်ထိန်းဖို့အချိန်မပေးနိုင်တာထိန်းမယ့်သူရှိရင် တောင်ကလေးရဲ့နောင်ရေးပညာရေးအတွက်ပိုမိုကြိုးစားရှာဖွေရတာတွေ ဖြစ်လာပါပြီ6အိတ်ပေါက်နဲ့ဖားကောက်သင်ကခြေကပ်လက်ကပ်ထားချင်ပေမယ့်စုစရာရယ်လို့ပိုလျှံငွေမရှိတဲ့အခါမှာ ဒုက္ခရောက်နိုင်ပါတယ်ရှေ့ကရှာလိုက် နောက်က ကုန်လိုက် ဖြစ်နေတာကြောင့်သင့်ဆီမှာအဖတ်တင်တာသိပ်မရှိနိုင်ပါဘူးဆယ်ကျော်သက်အရွယ်မှာအိမ်ထောင်ပြုဖြစ်တာထက်သင့်ဘဝအတွက်တည်ငြိမ်တဲ့လမ်းကြောင်း တစ်ခုပေါ်ရောက်ပြီးစိတ်မပူရတဲ့အခြေအနေမျိုးမှာလက်ထပ် တာဟာသင့်အတွက်ရောသင့်အိမ်ထောင်ဖက်အတွက်ပါ အကောင်းဆုံးဖြစ်ပါတယ် Credit Zawgyi အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း(၆)ချက် အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း(၆)ချက်ငယ်ကချစ်အနှစ်တစ်ရာမမေ့သာငယ်ကပေါင်းအနှစ်တစ်သောင်းမမေ့ကောင်းဆိုတဲ့ဆိုရိုးကိုကြားဖူးကြမှာပါ မြန်မာဓလေ့မှာငယ်လင်ငယ်မယားဆိုတဲ့အသုံးအနှုန်းလည်း ရှိပါတယ်မြန်မာ့အယူအဆမှာ အသက်ငယ်တုန်းလက်ထပ်တာဟာလည်းကောင်းတယ်ဆိုပြီးပြောစမှတ်ပြုကြပါတယ် ဒါပေမယ့်ပြောင်းလဲလာတဲ့ […]