ဆင်းရဲပင်ပန်းစွာနဲ့ ကွယ်လွန်သွားခဲ့ရရှာတဲ့မိခင်ရဲ့နောက်ဆုံးအချိန်လေးကိုပြောပြရင်း မျက်ရည်မဆည်နိုင်တော့ဘဲ ငိုကြွေးနေခဲ့တဲ့ ဖိုးချစ်ရဲ့ဗီဒီယို ဇာတ်မင်းသားဖိုးချစ်ကတော့ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလူအများကကြိုက်နှစ်သက်အားပေးနေကြဆဲဖြစ်ကာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ စကားကိုချိုသာစွာနဲ့အေးဆေးစွာပြောဆိုတတ်သူတစ်ယောက်ဖြစ်ပြီး စည်းကမ်းလည်းအလွန်ရှိတဲ့ ဖိုးချစ်ကတော့ အောက်ခြေဘဝကစတင်ကြိုးစားခဲ့သူမို့ ပရိသတ်တွေစံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဖိုးချစ်ကတော့ မိဘနှစ်ပါးအပြင် မွေးစားမိဘတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် ယနေ့အချိန်မှာ အောင်မြင်လျက်ရှိနေပြီဖြစ်တဲ့ ဇာတ်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ အမေများနေ့လေးပဲဖြစ်ပြီး အနုပညာရှင်တွေကိုယ်စီက အမေများနေ့မှာ မိခင်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုပြောပြနေကြပါတယ်။ ဖိုးချစ်ရဲ့မိခင်ဖြစ်သူကတော့ သူလူမှန်းသိတတ်အရွယ်တည်းက ရောဂါနဲ့ဆုံးပါးသွားခဲ့တာပဲဖြစ်ပြီး မိခင်ကို မပြုစုနိုင်ခဲ့လို့ […]