
ထိပ်ပြောင်သူ၊ ဆံပင်ကျွတ်လွယ်သူ၊ ဆံပင်ပါးသူများအတွက် အလွန်ထိရောက်ပြီး လွယ်ကူတဲ့ ဆေးနည်း
ထိပ်ပြောင်သူ၊ ဆံပင်ကျွတ်လွယ်သူ၊ ဆံပင်ပါးသူများအတွက် အလွန်ထိရောက်ပြီး လွယ်ကူတဲ့ နည်းတခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၃-၄ တက်လောက် ယူပြီး အခွံခွာပြီး အလယ်က ထက်ခြမ်းခြမ်းပါ။ ပြီးရင် ခြမ်းထားတဲ့အပိုင်းကို ဦးရေပြား ဆံပင်ပါးတဲ့နေရာတွေ လိုက်ပွတ်ပါ။ နာရီဝက်ခန့် ထားပြီး အုန်းဆီကို လက်နဲ့ လိမ်းပေးရမယ်။ အာနိသင်ကောင်းဖို့ vitamin E oil ၅ စက်လောက်ထည့်သင့်တယ်။ အုန်းဆီလိမ်းတဲ့အခါ ဆံသားအခြေကနေ အဖျားသို့ နှံ့အောင် လိမ်းပေးရမယ်။ […]