ဆား(သို့မဟုတ်) ဆားငံရည်ဖြင့် ဘာလို့ ပလုတ်ကျင်းခိုင်းရတာလဲ ဆားငန်ရည်ဆိုတာ ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်းသန့်ရှင်းပေးတယ်။ သွားကိုက်၊သွားနာ၊အနာပေါက်တာ၊ခံတွင်းအနံ့ဆိုးဖြစ်တာ၊လည်ချောင်းနာတာ၊သွားနှုတ်ပြီးချိန်မှာသွားဖုံးထဲပိုးမဝင်စေဖို့နဲ့အနာကျက်မြန်စေဖို့ဆားငန်ရည်နဲ့ပလုတ်ကျင်းတတ်ကြပါတယ်ဆားငန်ရည်နဲ့ပလုတ်ကျင်းဖို့သွားနဲ့ခံတွင်းဆရာဝန်တိုင်းဘာလို့အကြံပြုတာလဲအလွယ်ကူဆုံးနဲ့ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းသလိုအိမ်တိုင်းမှာလည်းဆားတွေအလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့သုံးဖို့လည်းအဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်းနည်းတယ်။လုပ်ဖို့အတွက်အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ် ဆားငန်ရည်ဟာခံတွင်းကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုပေးနိုင်လဲ ၁။ပါးစပ်ထဲမှာရှိနေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသန့်စင်ပေးတယ်။သွားတိုက်တံနဲ့အလွယ်တကူမရောက်နိုင်တဲ့သွားကြားထဲကပိုးမွှားတွေကိုလည်းဖယ်ရှားပေးနိုင်တယ် ၂။သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေးကွေးစေတယ် ၃။ ခံတွင်းအနံ့ဆိုး ထွက်တတ်တဲ့သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်သွားတိုက်ပြီးတိုင်းဆားငန်ရည်နဲ့ပလုတ်ကျင်းပေးခြင်းဖြင့်ခံတွင်းအနံ့ဆိုးကိုသက်သာစေတယ်။ အယ်လ်ကိုဟောပါဝင်တဲ့ခံတွင်းသန့်စင်ဆေးရည်နဲ့မတည့်တဲ့သူတွေဆိုရင်ဆားငန်ရည်နဲ့ပလုတ်ကျင်းပေးလို့ရပါတယ် ၄။လည်ချောင်းနာတဲ့သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ […]