
ငယ်ချစ်ဦးနဲ့လွဲခဲ့သူများ မဖတ်ရ
ငယ်ချစ်ဦးနဲ့လွဲခဲ့သူများ မဖတ်ရ ကလေးဘဝကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကိုတန်းပြန်သတိရတာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေမှမဟုတ်ပဲ အချစ်ဦးအတွက်ဆို သူရဲကောင်းကြီးအဖြစ်ရှိချင်ခဲ့ကြတယ်။ ကလေးဘဝကိုပြန်သွားတာနဲ့အချစ်ဦးဆိုတာကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုလိုပါပဲ။ အချစ်ဦးလို့သုံးတာက Crush ဆိုတဲ့စကားကိုကလေးဘဝကမသိခဲ့သေးတာရော Crush တယ်ဆိုတာထက်ပြီးမြတ်နိုးခဲ့မိတာကြာင့်ရောပါ။ ကျွန်တော်တို့အားလုံးနှစ်သက်ပြီး ပြန်တမ်းတကြတဲ့အဖြူစိမ်းကျောင်းသားဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကလေးတို့သဘာဝဆော့မယ် ကစားမယဒီလိုနဲ့အချိန်ကုန်တတ်ခဲ့ကြပါတယ်။ ဒါပေမယ့်အချစ်ဦးဆိုတဲ့ကောင်မလေးက စိန်ပြေးတမ်းကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆိုတာကိုလည်း စိတ်ဝင်တစားလိုက်ကြည့်ခဲ့ကြဖူးမှာပါ။ အခါအခွင့်သင့်တာနဲ့ သူကစားနေတဲ့ ဝိုင်းထဲမှာ ကိုယ်ပါဝင်ခွင့်ရဖို့အသင့်ရှိနေခဲ့ကြဖူးတယ်မလား ကျွန်တော့်အချစ်ဦးဆို သူတအားဆော့တာက အဝတ်ကိုမျက်လုံးမှာစည်းပြီး […]