အိမ်မှာ အလွယ်တကူရှိတဲ့ ဂျင်းကိုသုံးပြီး ဆံပင်ရှည်အောင်ပြုလုပ်နိုင်မယ့် နည်းလမ်းများ

အိမ်မှာ အလွယ်တကူရှိတဲ့ ဂျင်းကိုသုံးပြီး ဆံပင်ရှည်အောင်ပြုလုပ်နိုင်မယ့် နည်းလမ်းများ

ဂျင်းဆိုတာ အိမ်တိုင်းလိုလိုရဲ့ မီးဖိုချောင်ထဲမှာ မဖြစ်မနေ ရှိလေ့ရှိတဲ့ ပစ္စည်းတစ်မျိုးပါ။

ဆေးပညာရှုထောင့်က ကြည့်မယ်ဆိုရင် ဂျင်းက ဆေးဖက်ဝင်သလို အလှအပေရေးရာနဲ့ ပတ်သတ်လာရင်လည်း ဂျင်းကို အကောင်းဆုံး အသုံးပြုနိုင်ပါတယ်။

ဂျင်းက ဆံပင်ကျွတ်သက်သာစေတယ် ၊ ဗောက်ပျောက်စေတယ် ၊ သွေးလည်ပတ်မှုကောင်းစေတယ် ၊ အာဟာရပြည့်ဝစေတယ်။

ဂျင်းကို အဓိက ပါဝင်ပစ္စည်းအဖြစ်အသုံးပြုပြီး ပျိုမေတို့ရဲ့ ဆံပင်ရှည်အောင်လုပ်နိုင်မယ့် နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျင်း နဲ့ အုန်းဆီ

ပါဝင်ပစ္စည်းများ – ဂျင်းအနှစ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ အုန်းဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ။

ဂျင်းကို ပါးပါးလှီးပြီး ကြိတ်ချေပေးရင် အနှစ်ရလာပါမယ်။ရလာတဲ့အနှစ် (စားပွဲတင်ဇွန်း ၁ ဇွန်း) စာ နဲ့ အုန်းဆီ နဲ့ ရောပေးပါ။

ဆံသားပေါ် လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ဦးရေပြားပေါ်ပါ လိမ်းပြီးရင်တော့ မိနစ် (၃၀) လောက်ပေါင်းတင်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

(၂) ဂျင်း နဲ့ သံပရိုရည်

ပါဝင်ပစ္စည်းများ – ဂျင်းအနှစ် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ နှမ်းဆီ (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊သံပရိုရည် (လက်ဖက်ရည်ဇွန်း တစ်ဝက်) ။

ပါဝင်ပစ္စည်းတွေအားလုံးကို ရောမွေပေးပါ။ရလာတဲ့အနှစ်နဲ့ ဦးရေပြား ၊ ဆံပင် ကိုလိမ်းပေးပါ။မိနစ် (၃၀) ပြည့်ရင် ခေါင်းလျှော်ပေးပါ။တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါ။

(၃) ဂျင်း

ပါဝင်ပစ္စည်းများ – ဂျင်းအနှစ် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ ။ဂျင်းအနှစ်နဲ့ ရေကို အနှစ်ဖြစ်အောင်ရောပေးပါ။

ရလာတဲ့အနှစ်နဲ့ ဦးရေပြားကို လိမ်းပေးပါ။(၄၅) မိနစ်ကနေ (၁) နာရီထိ နှပ်ထားပေးပြီး ရေနဲ့ ဆေးပေးပါ။တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါ။

Credit : Aunty may






(၁) ဂျင်း နဲ့ အုန်းဆီ




(၂) ဂျင်း နဲ့ သံပရိုရည်



(၃) ဂျင်း



Credit : Aunty may

Be the first to comment

Leave a Reply

Your email address will not be published.


*