သင့်ရဲ့ဆံပင်မှာ ဗောက်ထခြင်း ကင်းဝေးစေဖို့အတွက် သိထားရမယ့် အရာများ

သင့်ရဲ့ဆံပင်မှာ ဗောက်ထခြင်း ကင်းဝေးစေဖို့အတွက် သိထားရမယ့် အရာများ

သင့်ဆံပင်မှာ ဗောက်တွေရှိလို့ တစ်ချိန်လုံးခေါင်းတကုတ်ကုတ် ဖြစ်နေရပါသလား။ လူကြားသူကြားထဲသွားတဲ့အခါ ဆံပင်မှာ အဖြုူဖတ်တွေ ကပ်နေမှာမို့ မလုံ့မလဲဖြစ်နေရပါသလား။ ဒီလိုအဖြစ်မျိုးတွေ ကြုံနေရသူတွေအတွက် ဗောက်ထခြင်းကနေ ကာကွယ်ပေးနိုင်မယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ဗီတာမင်ပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။

ဗီတာမင် အေ၊ဘီ၊ စီ ပြည့်ဝတဲ့ အစားအစာ၊ သီးနှံတွေကို စားပေးပါ။ ဒါဟာ ဆံပင်ကျန်းမာရေးအတွက် ကောင်းစေပါတယ်။ အထူးသဖြင့် ဆံပင်အတွက်လိုအပ်တဲ့ ဆဲလ်တွေကြီးထွားစေဖို့ သူတို့က အထောက်အကူပြုတဲ့အပြင် ကိုယ်ခံအားပါကောင်းစေတာမို့ သင့်ဆံပင်ဗောက်ထခြင်းကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီတော့ စတော်ဘယ်ရီသီးတွေ၊ အစိမ်းရောင်အရွက်တွေ များများ စားပေးပါ။

၂။ဆံပင်အတွက်သုံးတဲ့ ဘီး၊ ဘရက်ရှ်တို့ကို သန့်ရှင်းရေး လုပ်ပေးပါ။

မျက်နှာပေါ်တင်မယ့် ဘရက်ရှ်တွေ၊ တို့ဖတ်တွေကို အသစ်လဲပေးတာမျိုး၊ ဆေးကြောသန့်စင်တာမျိုးတွေ သင်လုပ်တယ်မလား။ ဒီလိုပါပဲ။ သင့်ဆံပင်ကို ပုံမှန်ဖြီးပေးလေ့ရှိတဲ့ ဘီးမှာလည်း အညစ်အကြေး၊ ဖုန် တွေရှိနေတတ်ပါတယ်။ ဒီတော့ ဒီအညစ်အကြေးတွေက သင့်ကိုဗောက်ထစေတတ်သလို ဗောက်ထနေပြီးသား ဆံပင်ကိုလည်း ပိုမိုဆိုးရွားစေတတ်ပါတယ်။ ဒီတော့ ဖြီးနေကျ ဘီးကို သန့်ရှင်းရေးလုပ်တဲ့အခါ ဆံပင်တွေကို သေချာလေးဖယ်၊ ရေနွေးနဲ့ အဖြူရောင်ရှာလကာရည်နည်းနည်းရောထားတဲ့ အရည်ထဲ ဘီးကိုထည့်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ နာရီဝက်လောက်ကြာအောင်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နှစ်ပတ်တစ်ခါ သုံးပတ်တစ်ခါ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။

၃။ဗောက်အတွက်ထုတ်ထားတဲ့ ရှန်ပူတွေကို သုံးပေးပါ။

ရိုးရိုးခေါင်းလျှော်ရည်တွေထက်စာရင် ဗောက်အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည် ဥပမာ Zinc လိုဟာမျိုးတွေ သုံးပါ။ ဒါမှမဟုတ် ကိုယ်နဲ့အဆင်ပြေပြီး ယားယံခြင်းသက်သာတယ်လို့ ထင်တဲ့ ရှန်ပူတွေကို သုံးနိုင်ပါတယ်။

၄။Salon Treatment ယူပါ။

ကိုယ်ကသာမာန်အားဖြင့် ဆံပင်ညှပ်ဆိုင်သွားပြီး ခေါင်းလျှော်လေ့မရှိရင်တောင် ခုလိုဖြစ်လာတဲ့အခါ Salon တစ်ခုခုသွားပြီး ဆိုင်ကသိနားလည်သူတွေနဲ့ ပြောဆိုကြည့်သင့်ပါတယ်။ တစ်ခါတစ်လေ ဗောက်ပျောက်စေဖို့ အထူးသီးသန့် ဝန်ဆောင်မှုပေးတဲ့အရာမျိုးတွေ ရှိတတ်တာမို့ သူတို့ဆီက နည်းတွေမေးပါ။ အိမ်မှာဘယ်လိုဆက်ထိန်းသိမ်းရမယ်ဆိုတာကိုပါ မေးကြည့်ပါ။

၅။ဘာ့ကြောင့် ဗောက်တက်ရသလဲဆိုတာ သိအောင်ကြိုးစားပါ။

ကိုယ့်ဆံပင်ဟာ ဘယ်လိုအမျိုးအစားဖြစ်ပါသလဲ။ ဘာ့ကြောင့် ဗောက်တက်ရပါသလဲ။ ဒါတွေကို အရင်ဆုံးသိအောင် ကြိုးစားပါ။ ဗောက်တက်ခြင်းအကြောင်းနှစ်မျိုးရှိပါတယ်။ တစ်ခါတစ်လေ ဆံပင်ကပါးပြီး ခြောက်သွေ့တာမျိုးဆိုရင် ခုလိုဗောက်တက်ခြင်းဟာ စိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ဝိတ်ချတဲ့အခါ မစားမသောက်ပဲ နေတာမမျိုးတွေကြောင့် ဖြစ်တာပါ။ ဒါမျိုးကိုတော့ ရှန်ပူတွေ၊ အခြားနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သင့်ဆံပင်ဟာ wax တွေ ၊ တစ်ခြားမတည့်တဲ့ ခေါင်းလိမ်းဆီမျိုးတွေ လိမ်းမိလို့ ခုလိုဖြစ်ရတာဆိုရင်တော့ ကိုယ်ထင်သလို ကာကွယ်တာမျိုး မလုပ်တော့ပဲ သိတတ်နားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

Credit : trend

Be the first to comment

Leave a Reply

Your email address will not be published.


*