စိတ္ဆႏၵကို ဦးစားေပးခဲ့မိတဲ့ အိမ္ေထာင္သည္ အစ္မႀကီးတစ္ေယာက္ရဲ႕ ေတာင္းဆိုခ်က္အရ တင္ေပးလိုက္ပါၿပီ

စိတ်ဆန္ဒကို ဦးစားပေးခဲ့မိတဲ့ အိမ်ထောင်သည် အစ်မကြီးတစ်ယောက်ရဲ့ တောင်းဆိုချက်အရ တင်ပေးလိုက်ပါပြီ

နောက်အိမ်ထောင်ပြုတဲ့ ဖခင် ၊မိခင်တိုင်း လိုလို အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး …။

ကျန်ရစ်ခဲ့တဲ့ အမေ့ အဖေ့ကို အသနားပိုပြီး သားသမီးများက ပိုချစ်ကြတယ် …။

အသိစိတ်က အဖေ အမေ ဆိုပေမယ့် မသိစိတ်ကကြည်ညိုလို့ မရတဲ့ ဖခင်၊မိခင် ဖြစ်နေတာပါ …။

အသိစိတ်က သွေးသား တော်စပ်ပေမယ့် မသိစိတ်က သူစိမ်းတစ်ယောက် လိုဘာ ခံစားချက်မှမရှိသလောက် ဖြစ်နေတော့တာပါ …။

အသက် အရွယ်ကြီးလာတာနဲ့အမျှ သားရင်း သမီးရင်းဆိုတာ အနားမှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး …။

ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်းက ပြန်ကုစားလို့ မရနိုင်တော့လို့ပါ။

” အဖေ အမေ မှားပါပြီ ” လို့ မျက်ရည်ကျပြလည်း သားသမီးများက ဒီမျက်ရည်ကို ခံစားပေးနိုင်မှာ မဟုတ်ပါဘူး။

နောက်အိမ်ထောင်ပြုတဲ့ ဖခင် ၊မိခင်တိုင်းလိုလို အများစု အိုဇာတာ မကောင်းတတ်ကြပါဘူး။

ဖခင် မိခင်ဆိုတဲ့ ဂုဏ်ထူးဟာ လူမှန် နေရာမှန် တာဝန်ကျေခဲ့ရင်အိမ်ဦးနတ် ဘဝနဲ့အိမ်ဦးခန်းမှာ ကျက်သရေ ရှိရှိတစ်သက်တာ တင့်တယ် နေတော့မှာပါ။

အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ ဖခင် မိခင်တိုင်းအတွက်တော့ကံကြမ္မာရဲ့ တန်ရာတန်ကြေး သစ္စာမဲ့မှု့ဒဏ်တော့ အနည်းနဲ့အများ ခံစားရမှာပါပဲ။

စိတ်ဆန္ဒကို ဦးစားပေးခဲ့တဲ့ ဖခင် မိခင် တိုင်းဟာစိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လှူရှု့ မှု့ အောက်မှာ မရှု့မလှ ကျဆုံး ရတော့မှာပါ။

မျက်ရည် များရဲ့ဝဋ်ကိုလည်း အချိန်ရလာတာနဲ့ အမျှ —အရှိန်ရလာတာနဲ့ အမျှ —ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့ ကာလ ဟာ နီးနီး ကပ်ကပ် ရှိလာတော့မှာပါ။

ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာကိုယ်ထားခဲ့တဲ့ ဇနီး က ကိုယ်တာဝန် မကျေခဲ့တဲ့ သားသမီး များ ဝန်းရံ လျက်သာယာတဲ့ ဘဝလေးကို ပိုင်ဆိုင်နေတဲ့ အချိန်ရောက်ရှိနေပါပြီ…။

ဘဝမှာ လမ်းမမှန်တဲ့နည်းနဲ့ အပျော်ရှာနေတဲ့သူငယ်ချင်းရေ… !

မင်းရော မင်းဖန်တီးခဲ့တဲ့ မိသားစုရော မျက်ရည်ကျမယ့် အရာအားလုံးရပ်လိုက်ပါ…။

ဆန္ဒသစ်ရဲ့ နောက်အိမ်ထောင်ဆိုတာကို ကျောခိုင်းလိုက်ပါ…။

မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှုကြီး ကို စွန့်လွှတ်လိုက်ပါ…။

ကိုယ့်မိသားစုကို ပြန်လည် မျက်နှာမူဖို့ ၊ တစ်ဖန်လည်ပြန် နွေးထွေးပေးဖို့ကို တိုက်တွန်းစကားဆိုလိုက်ရပါတယ် သူငယ်ချင်း…။

မေတ္တာဖြင့် သာရေးသားသည်

လေးစားစွာဖြင့် – သိန်းမောင်မောင်

Zawgyi

စိတ္ဆႏၵကို ဦးစားေပးခဲ့မိတဲ့ အိမ္ေထာင္သည္ အစ္မႀကီးတစ္ေယာက္ရဲ႕ ေတာင္းဆိုခ်က္အရ တင္ေပးလိုက္ပါၿပီ

ေနာက္အိမ္ေထာင္ျပဳတဲ့ ဖခင္ ၊မိခင္တိုင္း လိုလို အမ်ားစု ဘဝဇာတ္သိမ္း မေကာင္းၾကပါဘူး …။

က်န္ရစ္ခဲ့တဲ့ အေမ့ အေဖ့ကို အသနားပိုၿပီး သားသမီးမ်ားက ပိုခ်စ္ၾကတယ္ …။

အသိစိတ္က အေဖ အေမ ဆိုေပမယ့္ မသိစိတ္ကၾကည္ညိဳလို႔ မရတဲ့ ဖခင္၊မိခင္ ျဖစ္ေနတာပါ …။

အသိစိတ္က ေသြးသား ေတာ္စပ္ေပမယ့္ မသိစိတ္က သူစိမ္းတစ္ေယာက္ လိုဘာ ခံစားခ်က္မွမရွိသေလာက္ ျဖစ္ေနေတာ့တာပါ …။

အသက္ အ႐ြယ္ႀကီးလာတာနဲ႔အမွ် သားရင္း သမီးရင္းဆိုတာ အနားမွာ ကပ္ၾကမွာ မဟုတ္ေတာ့ပါဘူး …။

ကိုယ့္ကိုပစ္ထားခဲ့တဲ့ နာၾကည္းခ်က္ အနာေဟာင္းက ျပန္ကုစားလို႔ မရႏိုင္ေတာ့လို႔ပါ။

” အေဖ အေမ မွားပါၿပီ ” လို႔ မ်က္ရည္က်ျပလည္း သားသမီးမ်ားက ဒီမ်က္ရည္ကို ခံစားေပးႏိုင္မွာ မဟုတ္ပါဘူး။

ေနာက္အိမ္ေထာင္ျပဳတဲ့ ဖခင္ ၊မိခင္တိုင္းလိုလို အမ်ားစု အိုဇာတာ မေကာင္းတတ္ၾကပါဘူး။

ဖခင္ မိခင္ဆိုတဲ့ ဂုဏ္ထူးဟာ လူမွန္ ေနရာမွန္ တာဝန္ေက်ခဲ့ရင္အိမ္ဦးနတ္ ဘဝနဲ႔အိမ္ဦးခန္းမွာ က်က္သေရ ရွိရွိတစ္သက္တာ တင့္တယ္ ေနေတာ့မွာပါ။

အိမ္ေထာင္ေရး ေဖာက္ျပန္တတ္တဲ့ ဖခင္ မိခင္တိုင္းအတြက္ေတာ့ကံၾကမၼာရဲ႕ တန္ရာတန္ေၾကး သစၥာမဲ့မႈ႕ဒဏ္ေတာ့ အနည္းနဲ႔အမ်ား ခံစားရမွာပါပဲ။

စိတ္ဆႏၵကို ဦးစားေပးခဲ့တဲ့ ဖခင္ မိခင္ တိုင္းဟာစိတ္ဒဏ္ရာ ရ သြားတဲ့ သားသမီး မ်ားရဲ႕ လ်စ္လႉရႈ႕ မႈ႕ ေအာက္မွာ မရႈ႕မလွ က်ဆုံး ရေတာ့မွာပါ။

မ်က္ရည္ မ်ားရဲ႕ဝဋ္ကိုလည္း အခ်ိန္ရလာတာနဲ႔ အမွ် —အရွိန္ရလာတာနဲ႔ အမွ် —ကိုယ္တိုင္ ရႈိက္ႀကီး တငင္ ငိုေႂကြး ဖို႔ ကာလ ဟာ နီးနီး ကပ္ကပ္ ရွိလာေတာ့မွာပါ။

ကိုယ္ကိုယ္တိုင္ အားကိုးရာ မဲ့ တဲ့ ဘဝ ေရာက္ခ်ိန္မွာကိုယ္ထားခဲ့တဲ့ ဇနီး က ကိုယ္တာဝန္ မေက်ခဲ့တဲ့ သားသမီး မ်ား ဝန္းရံ လ်က္သာယာတဲ့ ဘဝေလးကို ပိုင္ဆိုင္ေနတဲ့ အခ်ိန္ေရာက္ရွိေနပါၿပီ…။

ဘဝမွာ လမ္းမမွန္တဲ့နည္းနဲ႔ အေပ်ာ္ရွာေနတဲ့သူငယ္ခ်င္းေရ… !

မင္းေရာ မင္းဖန္တီးခဲ့တဲ့ မိသားစုေရာ မ်က္ရည္က်မယ့္ အရာအားလုံးရပ္လိုက္ပါ…။

ဆႏၵသစ္ရဲ႕ ေနာက္အိမ္ေထာင္ဆိုတာကို ေက်ာခိုင္းလိုက္ပါ…။

မိသားစု ဂုဏ္သေရ ညႇိဳးႏြမ္းေစမယ့္ ေဖာက္ျပန္မႈႀကီး ကို စြန႔္လႊတ္လိုက္ပါ…။

ကိုယ့္မိသားစုကို ျပန္လည္ မ်က္ႏွာမူဖို႔ ၊ တစ္ဖန္လည္ျပန္ ေႏြးေထြးေပးဖို႔ကို တိုက္တြန္းစကားဆိုလိုက္ရပါတယ္ သူငယ္ခ်င္း…။

ေမတၱာျဖင့္ သာေရးသားသည္

ေလးစားစြာျဖင့္ – သိန္းေမာင္ေမာင္

Be the first to comment

Leave a Reply

Your email address will not be published.


*