အိမ်ကပေးတဲ့မုန့်ဖိုးလေးတွေကိုစုထားကာ ချစ်သူမိန်းကလေးဧ။်မွေးနေ့တွင် အပန်းရောင်ကျောပိုးအိတ်လေးတစ်လုံးကို ဝယ်ပေးခဲ့သော ၄တန်းကျောင်းသားလေး

လူတိုင်းက မွေးနေ့နှင့်အမှတ်တရနေ့များတွင် သူတို့ချစ်တဲ့သူများကို လက်ဆောင် ပစ္စည်းတွေပေးကာ ချစ်ခြင်း မေတ္တာကို ဖော်ပြတတ်လေ့ရှိကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ၄တန်းကျောင်းသားအရွယ် ကောင်လေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားနေပြီဖြစ်ကာ တစ်နေ့တစ်နေ့ အိမ်ကပေးသော မုန့်ဖိုးတွေကို အရင်လို သုံးစားမပစ်တော့ပဲ စုဆောင်းထားခဲ့သည်။

ထို့နောက် ကောင်လေးသည် သူရဲ့အတန်းဖော်လည်းဖြစ် ချစ်သူလေးလည်းဖြစ်သည့် မိန်းကလေးဧ။် မွေးနေ့တွင် စုထားသည့်ပိုက်ဆံလေးနှင့်အတူ လက်ဆောင်ပစ္စည်း ဝယ်ပေးရန် စတိုးဆိုင်တစ်ခုသို့ သွားခဲ့သည်။

ကောင်လေးသည် ဆိုင်ထဲသို့ရောက်စဥ် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ပြီး တစ်ဆိုင်လုံးလိုက်ကြည့်ခဲ့ရာ နောက်ဆုံးတွင် မိန်းကလေးတွေအကြိုက်ဖြစ်စေမည့် အပန်းရောင် ကျောပိုးအိတ်လေးတစ်လုံးကိုသာ ရွေးချယ်ပြီး ဝယ်ယူခဲ့သည်။

ဆိုင်ရှင်မှ သူသည်အရွယ်ရောက်ပြီးသားဖြစ်သော်လည်း ရည်းစားတစ်ခါမှမထားဖူးသေး၍ ကောင်လေးဧ။်အဖြစ်ကို ကြားသိလိုက်ရစဥ် အားကျနေမိခဲ့သည်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.

*