အိမ်ထောင်ကျ ကံကောင်းတဲ့မိန်းမနဲ့ ကံဆိုးတဲ့မိန်းမ

မိန်းခလေး တော်တော်များများက အိမ်ထောင်ကျ ကံကောင်း ၊ မကောင်း ဆိုတာ မသိနိုင်ပါဘူး ။ ကိုယ်တွေ့ဖူးခဲ့တဲ့ မိန်းခလေးတွေ ရှိတယ် ။

(1) အိမ်ထောင် မကျခင်ကတော့ ယောက်ျားတွေနဲ့ တယောက်ပြီးတယောက်တွဲ ၊ တယောက်တောင် မပြတ်သေးဘူး နောက်တယောက်က အဆင်သင့်ပဲ ။

အဲဒီလို မိန်းခလေး တော်တော် များများက အိမ်ထောင်ကျတော့ ကံကောင်း လိုက်ကြတာ ။သူတို့ ယောက်ျားတွေက ရွှေတွေ ငွေတွေ ကားတွေ ဘာတွေ အပြည့်စုံ ထားပေး ကြတယ် ။

ဒါမှမဟုတ် စိတ်ချမ်းသာအောင် ထားပေး ကြတယ် ။အမြဲတမ်း တောက်တောက်ပြောင်ပြောင်နဲ့ နေရတယ် ။

(2) တချို့ မိန်းခလေးတွေကျတော့ အိမ်ထောင် မကျခင် ချစ်သူ တယောက်ထဲ အပေါ် သစ္စာရှိ ခဲ့တယ် ။သူ့အပေါ် အနစ်နာ ခံခဲ့တယ် ။ သူတို့ ချစ်သူ ဘယ်လောက် ဆိုးဆိုး မပြတ်နိုင် ခဲ့ဘူး ။

သူ့တို့ ချစ်သူ တယောက်ထဲကိုသာ ချစ်ခဲ့ ကြတယ် ။

ဘေးမှာ တခြား ယောက်ျားတွေ ချစ်ခွင့် ပန်ရင်တောင် ငြင်းပယ်ခဲ့ ကြတယ် ။တကမ္ဘာလုံးမှာ ယောက်ျား တယောက်ပဲ ရှိတယ်လို့မြင်ခဲ့ ကြတယ် ။

ဒါပေမယ့် အဲ့လောက် ကောင်းတဲ့ မိန်းခလေး အိမ်ထောင်ကျတဲ့အခါ တော်တော် များများက ကံဆိုးကြတယ် ။ အိမ်ထောင်ကျကံ မကောင်းဘူး ။

ဘာကြောင့်လဲ ဆိုတော့ ပထမ မိန်းခလေးက ယောက်ျားတွေ အများကြီး တွဲခဲ့တယ် ။လေ့လာတယ် ။ သူ့အပေါ် ဘယ်သူ အနစ်နာခံလဲ ။

သူ့ အပေါ် မကောင်းတဲ့ သူဆို စွန့်ပစ်တယ် ။အဲဒီအထဲကမှ သူ့အပေါ်အကောင်းဆုံး ယောက်ျားကိုသာ သူမ ရွှေးချယ်ခဲ့တယ် ။

ဒုတိယ မိန်းခလေးကတော့ ယောက်ျားတယောက်ကိုသာ တွဲပီး အဲ့ဒီယောက်ျားကိုပဲ ကောင်းကောင်း မကောင်းကာင်း သူနဲ့သာ အိမ်ထောင် ပြုကြတယ် ။

တခြား လူတွေကို သူတို့ မလေ့လာခဲကြဘူး ။ မရွေးချယ်ပဲယူ လိုက်တယ် ။ ယောက်ျားက မကောင်းတော့ ဒုက္ခ ရောက်ကြတယ် ။

အိမ်ထောင်ကျကံ ကောင်းတဲ့ မိန်းခလေးက ဘာနဲ့တူသလဲ ဆိုတာ အရမ်း တန်ဖိုးကြီးတဲ့ သရဖူ တခု ရတာနဲ့ တူတယ် ။

လူတကာ ငေးမော ကြတယ် ။ လူတကာ အားကျတယ် ။

အိမ်ထောင်ကျ ကံဆိုးတဲ့ မိန်းမ ကျတော့ အရမ်းလေးတဲ့ သံခမောက် ရတာနဲ့ တူတယ် ။နေကလည်းပူ ချွတ်လို့လည်း မရ ။ အရိပ်တော့ ရတယ် ။ ဒါပေမယ့် လေးတယ် ။

တချို့ ယောက်ျားတွေက သံခမောက်နဲ့ တူကြတယ် ။ မိန်းမသား တွေက အဲ့ယောက်ျားနဲ့ ကွာမယ် ဆိုတော့လည်း သားသမီး မျက်နှာ ထောက်ရ ။

အဖေ မရှိ မျက်နှာ ငယ်မှာလည်းဆိုး ။ ယောက်ျား မရှိတော့ သူများ အထင်သေး ခံရမှာလည်းကြောက် ။အကြောင်း အမျိုးမျိုးကြောင့် ဆိုးသွမ်းပေမဲ့ မကွာနိုင် ။ သံခမောက်နဲ့ တူတယ် ။ မဆောင်းရင် လည်း နေပူ ။

ဆောင်းရင် ကျတော့လည်း အရမ်းလေး ။ ဒါနဲ့ပဲ သံသယာလည် ။ဒါကြောင့် အိမ်ထောင်မကျသေးတဲ့ ညီမငယ်များ အနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆို

သံခမောက် နဲ့ သရဖူ ဘယ်ဟာကို ရွေးချယ်မလဲ ဆိုတာ ကိုယ်တိုင် သေသေချာချာ ဆုံးဖြတ်ကြပါ ။

ချစ်သူ ရည်းစား ဘဝကတည်းက ကိုယ့်အပေါ် မကောင်းတဲ့ ယောက်ျားက အိမ်ထောင်ကျသွားရင် ကောင်းမယ်လို့ မထင်ကြပါနဲ့ ။ ပိုဆိုး သွားမယ် ။

သူတို့သာ ကိုယ့်ကို တကယ် ချစ်ရင် ကိုယ့်အပေါ် အနစ်နာ ခံမယ် ။ ရိုးသားမယ် ။ ကြိုးစားမယ် ။

ညမလေး တို့ရေ. . မိုက်ရူးရဲ မဆန်ပါနဲ့ ။ အိမ်ထောင်ကျတယ် ဆိုတာ တဘဝစာ အတွက်ပါ ။မရွေးချယ်ပဲ မဆုံးဖြတ်ကြပါနဲ့ ။ ရွေးချယ်ကြပါ ။ သေသေချာချာလေး ရွေးချယ်ကြပါ ။Crd

Be the first to comment

Leave a Reply

Your email address will not be published.


*