သင့်ရဲ့ဖုန်းကို အမြန်ပျက်စီးစေနိုင်တဲ့၊ အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမှားများ

သင့်ရဲ့ဖုန်းကို အမြန်ပျက်စီးစေနိုင်တဲ့၊ အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမှားများ

သူ့မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေလည်း ပါသလို၊ တစ်ခုခု ချို့ယွင်းတာနဲ့ လုပ်ဆောင်မှုတွေကို ကမောက်ကမဖြစ်စေနိုင်တဲ့ သက်ရောက်မှုတွေလည်း ပါရှိပါတယ်။ ဒီတော့ ဖုန်းတစ်လုံးဟာ သက်ရှိသတ္တဝါတစ်ကောင်နဲ့ တူတယ်ဆိုပါစို့။

ပိုင်ရှင်က ဂရုမစိုက်ရင် ဖုန်းရဲ့ ကျန်းမာရေးကလည်း ကောင်းမှာ မဟုတ်ပါဘူး။ အခု ဖော်ပြချင်တာကတော့ သင့်ရဲ့ဖုန်းကို ပျက်စီးစေနိုင်တဲ့၊ အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမူအကျင့်တွေပါ

(၁) Source တွေကို မစူးစမ်းမဆင်ခြင်ပဲ ဝင်ရောက်ခြင်း

အခုတလောမှာ iPhone ဖုန်းပေါက်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားရလေ့ရှိပါတယ်။ တကယ်က အဲဒါဟာ ဟက်ကာတွေကနေ တီထွင်ထားတဲ့ လှည့်စားမှုဆိုတာ လူတိုင်း အသိနည်းပါတယ်။

ဒီတော့ မခိုင်မာတဲ့ Source တွေ၊ Recommended ပေးမထားတဲ့ App တွေကို လုံးဝမသုံးသင့်ပါဘူး။ ဗိုင်းရပ်စ်တွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

(၂) အပူလွန်တဲ့နေရာမှာ ထားရှိခြင်း

ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီဆိုရင် ဖြစ်တန်သမျှ ကိုယ်နဲ့နီးနီးကပ်ကပ် ဆောင်ထားသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေရောင်ခြည်တိုက်ရိုက် ရောက်တဲ့နေရာတွေမှာ ဖုန်းတစ်လုံးကို ထားမိပြီဆို ကိုယ့်ဖုန်းကို ကိုယ်တိုင်ဖျက်ဆီးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းမှာပါတဲ့ ချပ်စ်အပြားတချို့ဟာ သာမန်အပူချိန်ထက် ပိုပြီး ခံနိုင်ရည် မရှိပါဘူး။

(၃) အားသွင်းတဲ့အခါ

တချို့က ကိုယ့်ဖုန်းရဲ့အားသွင်း အဒက်ပတာမဟုတ်ပါဘဲ သူများဖုန်းရဲ့ အဒက်ပတာတွေကို အလွယ်တကူ သုံးတတ်ပါတယ်။ မကောင်းတဲ့ အကျင့်ပါ။ တချို့က အိပ်ရာဝင်ပြီဆို ညလုံးပေါက် အားသွင်းကြိုးတန်းလန်းနဲ့ ထားရှိတတ်ပါတယ်။

ဒါဟာ ဖုန်းဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပြီး၊ မတော်တဆ ပေါက်ကွဲမီးလောင်မှုလည်း ဖြစ်စေနိုင်ပါတယ်

(၄) ဘေလ်ကုန်မှာ ကြောက်သူများ

ဖုန်းတွေဟာ အချိန်တန်ရင် သူတို့ရဲ့ အတွင်းပိုင်းပြင်ဆင်မှုနဲ့ Software တွေ Firmware တွေအတွက် Update တောင်းတတ်ပါတယ်။ ဒါကို ဘေလ်ကုန်မှာစိုးပြီး Update မလုပ်ချင်ကြပါဘူး။ အကျိုးဆက်အနေနဲ့ အဆင့်မြင့်တင်လိုက်တဲ့ Software တွေ သုံးမရတာ၊ Firmware ကျပြီး သုံးမရတော့တာဖြစ်တတ်ပါတယ်။ ဒီကြားထဲမှာ သုံးရရင်တောင် အသစ်ထွက်ရှိတဲ့ Feature တွေကို လက်လွှတ်ရမှာပါ။

(၅) ဘက်ထရီ လဲလှယ်ခြင်း

ဖုန်းဘက်ထရီ စွမ်းဆောင်ရည် ကျသွားတဲ့အခါ အော်ရီဂျင်နယ် ဘက်ထရီထက် လမ်းဘေးမှာ လွယ်လင့်တကူရောင်းတဲ့ အဖိုးနည်းအိုးကွဲ ဘက်ထရီ၊ အမျိုးအစားတူသော်လည်း အခြားဖုန်းထဲက ဘက်ထရီကို ဖြုတ်ထည့်တာတွေ မလုပ်သင့်ပါဘူး။ တက်ကျွမ်းနားလည်တဲ့ ဖုန်းဆရာတွေနဲ့ သူတို့ အကြံပေးတဲ့ ဘက်ထရီမျိုးကိုသာ သုံးသင့်ပါတယ်။

(၆) ဈေးသက်သာတာကို မမက်ပါနဲ့

ငွေကြေး တက်နိုင်ရင် ဖုန်းဆို ပစ္စည်းကောင်းပဲ ကိုင်သင့်ပါတယ်။ တချို့က ပြန်ပြင်ထားတဲ့ဖုန်းတွေ၊ ကလုံးတွေကို အဟုတ်လုပ်ပြီး ကိုင်တတ်ပါတယ်။ တချို့ဆို အားသွင်းအဒက်ပတာနဲ့ နားကြပ်ကအစ ဈေးခပ်ပေါပေါကို သီးခြားဝယ်သုံးကြပါတယ်။ ဒီတော့ ဘာဖြစ်သလဲဆို ကြာရှည်ခံနိုင်မှု၊ အဆင့်မီတဲ့ဝန်ဆာင်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူုး။

(၇) အချိန်လွန်အောင် ဂိမ်းကစားတာ

ဂိမ်းသမားတွေကတော့ ဖုန်းဝယ်ရင် Ram ဘယ်လောက်ဆိုတာကို ကြည့်ဝယ်ကြပါတယ်။ တချို့က Ram မြင့်လေ ပိုပြီး ကြာကြာကစားနိုင်လေလို့ ထင်ကြပါတယ်။ တကယ်က Ram ဟာ ဖုန်းရဲ့အတွင်းပိုင်း လုပ်ဆောင်မှုတွေကို သွက်အောင်မြန်အောင် လုပ်ပေးတာသာရှိပါတယ်။ ဖုန်းရဲ့ အပူချိန်ကို မလျှော့နိုင်ပါဘူး။ တချို့က အားသွင်းရင်းတန်းလန်း ဂိမ်းကစားတာမျိုးတောင် ရှိပါတယ်။ ရှောင်သင့်ပါတယ်။

(၈) မလိုအပ်တဲ့ဖိုင်တွေ App တွေကို ရှင်းမပစ်တာ

မလိုအပ်တဲ့ဖိုင်တွေ၊ App တွေကို စက်အလေးခံပြီး ထားရှိဖို့ မသင့်ပါဘူး။ ဖုန်းရဲ့စွမ်းဆောင်ရည်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး၊ ဖုန်းရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မလိုအပ်တဲ့ဓာတ်ပုံတွေ ဗွီဒီယိုတွေဆိုရင် ဖျက်ပစ်ပါ။ ဒါမှမဟုတ် မန်မိုရီကတ်ထဲကို ရွှေ့ပြောင်းပြီး၊ လုံခြုံရာမှာ သိမ်းထားလိုကသိမ်းထားသင့်ပါတယ်။ စက်ကို ပေါ့ပေါ့ပါးပါလေး သုံးလေ ဖုန်းရဲ့စွမ်းဆောင်ရည်က ကောင်းလေပါ။

(၉) ပေါ့တီးပေါ့ဆ ကိုင်တွယ်တာ

ဖုန်းကို ပေါ့တီးပေါ့ဆ ကိုင်တွယ်တယ်ဆိုတာ မှန်ကွဲနေလည်း အသစ်မလဲတာတို့၊ အားသွင်းပေါက်တွေ၊ နားကြပ်ပေါက်တွေထဲမှာ ရွှံ့တွေသဲတွေ ဝင်နေလည်း မရှင်းတာတို့ပါဝင်ပါတယ်။ နောက် မလိုအပ်တဲ့ဖိုင်တွေကို မရှင်းတာတွေ၊ Source ခိုင်မာမှုမရှိတဲ့ Link တွေထဲကို ဝင်တာတွေကလည်း ဖုန်းကို ဆိုးရွားစေပါတယ်။ ဖုန်းကောင်းကောင်း ကိုင်ချင်ရင် ကိုယ်တိုင်က ဂရုစိုက်ရမှာပါ။

လင်းဇော်ကို

Be the first to comment

Leave a Reply

Your email address will not be published.


*