အေဖ့အေကာင့္ေလး အရင္လို မီးမစိမ္းေတာ့ပါဘူး

အဖေ Facebook ဆိုတာကို စ သုံးတော့ကျွန်တော့် အကောင့်ကို စပြီးadd တာအဖေ့နာမည်နဲ့ အဖေ့အကောင့်ကို မြင်တော့ လန့်သွားတယ်။

ငါ့ အဖပေါလား..အံမယ် အဖေက အင်တာနက်တောင် သုံးတတ်လို့ အဖေက ကျွန်တော့် အကောင့်ကို add ပြီး ကျွန်တော့် ညီမလေး အကောင့်ကိုလည်း ရှာပြီး add တယ်။

သူက မောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင်ရုံသာကျွန်တော်ကတော့ အဖေ့အကောင့်ကို လက်ခံပြီးမှ စဉ်းစားတယ်

ငါ ပေါက်ကရတွေ လျှောက်တင်လို့အဖေမြင်ရင် အဆူခံရမလားဆိုပြီး သူက ကျွန်တော် အချစ်အကြောင်းတွေ လျှောက်ရင်လဲ ဖတ်တာပဲ

ပြီးရင် အမေ့ကို ပြန်တိုင်သလိုလိုနဲ့ မင်း သားတော်မောင်က ဘာတွေရေးနေတာလဲ ဆိုပြီး ..မိဘ အကြောင်းကျ မရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်။

ကြာတော့ ..မဖြစ်သေးပါဘူး …..ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်သလို လုပ်လို့ ရမှာမဟုတ်ဘူးဆိုပြီး သူ မသိအောင် ဘလော့လိုက်တယ်။

ကျွန်တော့် အကောင့်ကို ရှာမတွေ့တော့ လာမေးတယ် ။…. မင်း အကောင့် ရှာမတွေ့တော့ဘူး ဘယ်ရောက်သွားလဲတဲ့။

ကျွန်တော်လည်း လိမ်လိုက်တယ်……သိဘူးလေ ပျက်သွာတာ နေမှာပေါ့လို့ …။အသက်ကြီးတဲ့ အဖေက မသိရှာဘူး

ေဩာ် ..ဟုတ်လား ဆိုပြီး သူ့အကောင့်ထဲက သတင်းတွေပဲ ဖတ်ပြီး ပျော်နေရှာတယ်။

မကြာခင် ..သူ့သားတော်မောင်က သူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမ ပြောတော့မှ အကောင့်သစ်ကလေးဖွင့်ပြီး

add လို့မရတဲ့ သားအကောင့်ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ်။

ဒီလိုနဲ့ ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။

အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ add လို့မရတဲ့ သား အကောင့်က ပုံတွေကို ဆေးရုံမှာကြည့်ရင်း အလွမ်းဖြေနေရရှာတယ်။

ပါးစပ်ကလဲ တဖွဖွ ငါ့သားလေး စိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့။သားတော်မောင်က ပင်လယ်ထဲမှာ သဘောင်္သားဘဝဆိုတော့

ကမ်းကပ်တဲ့အချိန် အင်တာနက်သုံးလို့ရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်လုပ်မှ သိရတယ်။အဖေဆုံးပြီတဲ့

မသေခင် ကျွန်တော့် အကောင့်မှာတင်ထားတဲ့ စာလေးတွေ ပုံလေးတွေကို ဖတ်ရင်းပြုံးနေရှာတာတဲ့ ..အခု ကျွန်တော် အဖေ့အကောင့်ကို လက်ခံလိုက်ပြီလေ အဖေ

ကျွန်တော် ဘလော့ မလုပ်တော့ပါဘူးလို့ အဖေ့ကို ဂတိတွေပေးရင်း ငိုနေမိလည်း…..အဖေ့ အကောင့်လေးကတော့ မီးမစိမ်းတော့ပါ။

ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံသတင်းစာပါ အောင်ဘုန်း ( ရူပဗေဒ ဒဂုံတက္ကသိုလ်၏ စာကို ကူးယူဖော်ပြပါသည်)

အဖေ့ အကောင့်လေးမီးစိမ်းနေပါစေ။

Credit

အေဖ Facebook ဆိုတာကို စ သုံးေတာ့ကြၽန္ေတာ့္ အေကာင့္ကို စၿပီးadd တာအေဖ့နာမည္နဲ႔ အေဖ့အေကာင့္ကို ျမင္ေတာ့ လန႔္သြားတယ္။

ငါ့ အဖေပါလား..အံမယ္ အေဖက အင္တာနက္ေတာင္ သုံးတတ္လို႔ အေဖက ကြၽန္ေတာ့္ အေကာင့္ကို add ၿပီး ကြၽန္ေတာ့္ ညီမေလး အေကာင့္ကိုလည္း ရွာၿပီး add တယ္။

သူက ေမာင္ႏွမ ႏွစ္ေယာက္စလုံး ဘာေတြတင္ထားလဲ ဘယ္သူနဲ႔ ဘာေတြေျပာလဲ သိခ်င္႐ုံသာကြၽန္ေတာ္ကေတာ့ အေဖ့အေကာင့္ကို လက္ခံၿပီးမွ စဥ္းစားတယ္

ငါ ေပါက္ကရေတြ ေလွ်ာက္တင္လို႔အေဖျမင္ရင္ အဆူခံရမလားဆိုၿပီး သူက ကြၽန္ေတာ္ အခ်စ္အေၾကာင္းေတြ ေလွ်ာက္ရင္လဲ ဖတ္တာပဲ

ၿပီးရင္ အေမ့ကို ျပန္တိုင္သလိုလိုနဲ႔ မင္း သားေတာ္ေမာင္က ဘာေတြေရးေနတာလဲ ဆိုၿပီး ..မိဘ အေၾကာင္းက် မေရးဘူးဆိုၿပီး ဆူသလိုလိုနဲ႔ ျပန္ေျပာတယ္။

ၾကာေတာ့ ..မျဖစ္ေသးပါဘူး …..ငါ့အေကာင့္ထဲ အေဖရွိေနရင္ ငါလုပ္ခ်င္သလို လုပ္လို႔ ရမွာမဟုတ္ဘူးဆိုၿပီး သူ မသိေအာင္ ဘေလာ့လိုက္တယ္။

ကြၽန္ေတာ့္ အေကာင့္ကို ရွာမေတြ႕ေတာ့ လာေမးတယ္ ။…. မင္း အေကာင့္ ရွာမေတြ႕ေတာ့ဘူး ဘယ္ေရာက္သြားလဲတဲ့။

ကြၽန္ေတာ္လည္း လိမ္လိုက္တယ္……သိဘူးေလ ပ်က္သြာတာ ေနမွာေပါ့လို႔ …။အသက္ႀကီးတဲ့ အေဖက မသိရွာဘူး

ေဩာ္ ..ဟုတ္လား ဆိုၿပီး သူ႔အေကာင့္ထဲက သတင္းေတြပဲ ဖတ္ၿပီး ေပ်ာ္ေနရွာတယ္။

မၾကာခင္ ..သူ႔သားေတာ္ေမာင္က သူ႔ကို ဘေလာ့ထားတယ္ဆိုတာ အိမ္ကညီမ ေျပာေတာ့မွ အေကာင့္သစ္ကေလးဖြင့္ၿပီး

add လို႔မရတဲ့ သားအေကာင့္ကို တိတ္တိတ္ေလး follow လုပ္ထားရွာတယ္။

ဒီလိုနဲ႔ ကြၽန္ေတာ္ ႏိုင္ငံျခားမွာ အလုပ္သြားလုပ္ဖို႔ အေၾကာင္းေပၚလို႔ ႏိုင္ငံျခားေရာက္ေနခ်ိန္ အေဖ့မွာ ကင္ဆာျဖစ္လာတယ္။

အဆက္အသြယ္မရပဲ သားေတာ္ေမာင္ အေဝးေရာက္ေနခ်ိန္ အေဖကေတာ့ add လို႔မရတဲ့ သား အေကာင့္က ပုံေတြကို ေဆး႐ုံမွာၾကည့္ရင္း အလြမ္းေျဖေနရရွာတယ္။

ပါးစပ္ကလဲ တဖြဖြ ငါ့သားေလး စိတ္ပူေနမယ္ ငါ့ေရာဂါအေၾကာင္း မေျပာပါနဲ႔တဲ့။သားေတာ္ေမာင္က ပင္လယ္ထဲမွာ သေဘာသၤားဘဝဆိုေတာ့

ကမ္းကပ္တဲ့အခ်ိန္ အင္တာနက္သုံးလို႔ရေတာ့ အိမ္ကလူေတြနဲ႔ အဆက္အသြယ္လုပ္မွ သိရတယ္။အေဖဆုံးၿပီတဲ့

မေသခင္ ကြၽန္ေတာ့္ အေကာင့္မွာတင္ထားတဲ့ စာေလးေတြ ပုံေလးေတြကို ဖတ္ရင္းၿပဳံးေနရွာတာတဲ့ ..အခု ကြၽန္ေတာ္ အေဖ့အေကာင့္ကို လက္ခံလိုက္ၿပီေလ အေဖ

ကြၽန္ေတာ္ ဘေလာ့ မလုပ္ေတာ့ပါဘူးလို႔ အေဖ့ကို ဂတိေတြေပးရင္း ငိုေနမိလည္း…..အေဖ့ အေကာင့္ေလးကေတာ့ မီးမစိမ္းေတာ့ပါ။

ဇူလိုင္ ၃၁ ၂၀၁၆ ေၾကးမုံသတင္းစာပါ ေအာင္ဘုန္း ( ႐ူပေဗဒ ဒဂုံတကၠသိုလ္၏ စာကို ကူးယူေဖာ္ျပပါသည္)

အေဖ့ အေကာင့္ေလးမီးစိမ္းေနပါေစ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*