ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ဓာတ်လှေကားစီးရင်း ရိုခဲ့ကြရာ ခြေချော်ပြီး လှေကားပေါ်ကနေ ပြုတ်ကျခဲ့၍ အရှက်ကွဲခဲ့ရသော ချစ်သူစုံတွဲ

အချို့သော ချစ်သူစုံတွဲများအနေနှင့် လူကြားထဲဖြစ်နေပါစေ ဘာကိုမှဂရုမစိုက်ပဲ လိုတာထက်ကိုပို၍ ထင်ရာစိုင်းကာ လုပ်တတ်ကြခြင်းဖြင့် အများဧ။်ကဲ့ရဲ့ လှောင်ရယ်စရာဖြစ်ကုန်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးသည် တွဲလာတာမကြာသေးသော်လည်း တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်ကြသည့် အနေအထားနှင့် ကုန်တိုက်တစ်ခုတွင် စျေးတူတူဝယ်မည်ဆိုပြီး သွားခဲ့ကြသည်။

သူတို့ချစ်သူစုံတွဲသည် ကုန်တိုက်သို့ ဓာတ်လှေကားစီးရင်း သွားချိန်တွင် အခြားသူများလို မဟုတ်ပဲ ပွေ့ဖက်ကြင်နာပြနေကာ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တော့ပဲ ရိုခဲ့ကြ၍ နှစ်ယောက်သား ခြေချော်ပြီး အရှိန်မထိန်းနိုင်တော့ပဲ နောက်ပြန်လှန်ကျခဲ့ကြသည်။

သူတို့နှစ်ဦးသည် လှေကားအောက်ဆုံးဆင့်ထိ ကြည့်မကောင်းအောင် ရုပ်ပျက်ဆင်းပျက်ကျခဲ့ကြစဥ် မြင်တွေ့သူများမှာ ကူညီမည့်အစား အမြင်ကပ်အောင် ရိုလွန်းသည့် သူတို့စုံတွဲကို ကဲ့ရဲ့လှောင်ရယ်ခဲ့ကြသည်။

Credit


သို့ဖြစ်၍ တရုတ်နိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးသည် တွဲလာတာမကြာသေးသော်လည်း တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်ကြသည့် အနေအထားနှင့် ကုန်တိုက်တစ်ခုတွင် ဈေးတူတူဝယ်မည်ဆိုပြီး သွားခဲ့ကြသည်။



Be the first to comment

Leave a Reply

Your email address will not be published.

*