ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် (၇)ဆင့် ဖတ်မိတာတော်တော်သဘောကျလို့ သူငယ်ချင်းလည်းဖတ်ရအောင်ဝေမျှတယ်တိုက်ကြည့်ရအောင်နော်
အဆင့် (၁)
အရူးအမူးဖြစ်ကြတဲ့ အဆင့်ဒါကတော့ ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်
တစ်ယောက်နဲ့တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။
အဆင့် (၂)
နားလည်မှုရလာတဲ့ အဆင့်ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာကြပြီ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်မိသားစုအကြောင်းတွေ ရည်းစားဟောင်းအကြောင်းတွေ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ချ်တိုင်းက ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။
အဆင့် (၃)
အနှောင့်အယှက်ဝင်တဲ့ အဆင့်ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ နည်းနည်းစလာပြီကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့ ပြီးသွားတာလေးတွေပါပဲ။
အဆင့် (၄)
ပုံသွင်းတဲ့ အဆင့်ဒီအဆင့်မှာက တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီချုပ်ချယ်တာတွေဆုံးမတာလေးတွေ
လုပ်လာပြီပေါ့အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။
အဆင့် (၅)
ပြန်လည်ကြည်နူးခြင်းအဆင့်ဒီအဆင့်ရောက်ရင်တော့ အခြေအနေတော်တော်လေးကောင်းလာပြီပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ကိုယ့်ချစ်သူနဲ့ တော်တော်အဆင်ပြေသွားပြီ ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။
အဆင့် (၆)
ဂြိုလ်ဆိုးဝင်တဲ့ အဆင့်ဒီအချိန်မှာတော့ သံသယတွေပြသနာပေါင်းစုံတွေစလာပြီ။နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီးရန်တွေအကြီးအကျယ်ဖြစ်ပြီဒီအဆင့်မှာ တတိယလူဝင်လာတာတွေရောမိဘရဲ့ နှောင့်ယှက်မှုတွေရောသူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရောအကုန်ပါလာပြီအခန့်မသင့်တာနဲ့ လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။
အဆင့် (၇)
တည်ငြိမ်ရင့်ကျက်သွားတဲ့ အဆင့်ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့် ရောက်သွားပြီလို့ပြောရမလားပဲဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့
အချစ်က တည်ငြိမ်သွားပြီပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။
ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူးကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို သတိထားပြီးချစ်သူနဲ့ အတူတူလက်တွဲကျော်ဖြတ်နိုင်အောင် ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘဝလေးကို ရောက်အောင်သွားနိုင်ကြပါစေပြဿနာတွေတော့ရှိမှာပဲ
အဖုအထစ်လေးတွေတွေ့မှာပဲဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူအချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါမိန်းကလေးတိုင်း တောင့်တပြီး ယောက်ကျ်ားလေးတိုင်း အားကျစေဖို့ ။
Credit
အဆင့် (၁)
အဆင့် (၂)
အဆင့် (၃)
အဆင့် (၄)
အဆင့် (၅)
အဆင့် (၆)
အဆင့် (၇)
အဖုအထစ်လေးတွေတွေ့မှာပဲဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူအချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါမိန်းကလေးတိုင်း တောင့်တပြီး ယောက်က်ျားလေးတိုင်း အားကျစေဖို့ ။
Credit
Be the first to comment