ဘေဘီလေးတွေနဲ့သနပ်ခါး ဘယ်လိုကောင်းကျိုးတွေရှိလဲ…

သနပ်ခါးက သနပ်ခါးပင်ရဲ့ အခေါက်၊အမြစ်တို့ကနေရရှိတဲ့ အနှစ်တစ်မျိုးပါ။

အဝါရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်တွေ ကွာခြားနိုင်ပေမယ့် အကျိုးပြုပုံချင်းကတော့ တူတူပါ။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်ကတည်းက သနပ်ခါးကို အသားအရေ လှပကျန်းမာစေဖို့ အသုံးပြုခဲ့ကြပါတယ်။

သနပ်ခါးက အသားအရေကိုအေးမြစေပြီး နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကိုချောမွေ့စေပြီး အပြစ်အနာအဆာကင်းစေမှာပါ။

လူကြီးတွေမှာဆိုရင် ဝက်ခြံ သက်သာစေဖို့အတွက် သနပ်ခါးလိမ်းပေးလို့ရပါတယ်။

ဘေဘီလေးတွေကို ရေချိုးပေးပြီး ခါးခါးလေးလူးပေးလိုက်ရင် သနပ်ခါးနံ့မွှေးမွှေးလေးနဲ့ ပိုပြီးချစ်ဖို့ကောင်းတယ်နော်။

ဘေဘီလေးပါးပေါ်က သနပ်ခါးမွှေးမွှေးလေးက ကလေးကိုလည်း စိတ်ကြည်လင်စေမှာ အသေအချာပါ။

သနပ်ခါးက သဘာဝပစ္စည်းစစ်စစ်ဖြစ်သလို အရေပြားအမျိုးအစားအားလုံးအတွက် သင့်တော်တာကြောင့် ဘေဘီလေးက ဘယ်လိုအသားအရေအမျိုးအစားဖြစ်ဖြစ် စိတ်ချလက်ချအသုံးပြုပေးလို့ရပါတယ်။

သနပ်ခါးက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် ကလေးငယ်တွေအရေပြားကို မှိုပိုးကနေထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာပါ။

ဒါတွေတင်မဟုတ်သေးပါဘူး။ သူ့ရဲ့ အအေးဓာတ်ကြောင့် ကလေးငယ်လေးတွေအရေပြားမှာဖြစ်တတ်တဲ့ မိတ်၊ အင်ပြင်၊ အဖုအပိမ့်ထွက်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

သနပ်ခါးက အရေပြားကိုနေလောင်ဒဏ်ကနေကာကွယ်ပေးနိုင်သလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ညစ်ညမ်းတဲ့လေထုကြောင့် အသားအရေထိခိုက်မှု၊ free radicalsတွေကြောင့် အသားအရေပျက်စီးတာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပြီး အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါသေးတယ်။

ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်စွမ်းရှိနေသေးတော့ ဘေဘီလေးတွအရေပြားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။

နွေရာသီလိုမျိုး အချိန်မှာ ကလေးရဲ့ အသားအရေကို သနပ်ခါးက ထိထိရောက်ရောက် ကာကွယ်ပေးမှာပါ။

သတိပြုရန်..

ဆောင်းရာသီလိုမျိုးအချိန်မှာတော့ သနပ်ခါးက သိပ်မသင့်တော်ပါဘူး။

အသားခြောက်နိုင်တာဖြစ်တာကြောင့် ဆောင်းရာသီမှာဆိုရင်တော့ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုး ဒါမှမဟုတ် ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Baby Oilလေးတွေကို အသုံးပြုပေးပြီးဘေဘီလေးတွေရဲ့ အသားအရေကို ကျန်းမာနေအောင်လုပ်ဆောင်ပေးလို့ရပါတယ်။

သနပ်ခါးကို ခပ်ထူထူလေးတာက ကလေး အသားအရေနဲ့ မွေးညင်းပေါက်ကို ပိတ်စေတတ်လို့ အတန်အသင့်ပဲ လိမ်းပါ။

ကလေးတိုင်း သနပ်ခါးနဲ့ မတည့်ပါဘူး။

လိမ်းပြီးမှ အင်ပျဉ်လို အကွက်တွေ ထွက်လာရင် ဆက်မလိမ်းပါနဲ့။

သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သန့်ရှင်းနေပါစေ။

မှိုတက်နေရင် ကလေးအရေပြားထိခိုက်တတ်ပါတယ်။

ကလေးကို သနပ်ခါးလိမ်းပေးလို့ ရပေမယ့် လသားကလေးတွေမှာ သနပ်ခါး မခွံ့ဖို့ အကြံပေးလိုပါတယ်။

အသင့်လိမ်းသနပ်ခါးတွေထက်စာရင် သနပ်ခါးတုံးကိုပဲ သွေးလိမ်းပေးဖို့ အကြံပြုပါရစေ။

သဘာဝပစ္စည်း စစ်စစ်လေးတွေ သုံးပြီး ချစ်ဖို့ကောင်းတဲ့ ဘေဘီလေးတွေရဲ့ အသားအရေကိုထိန်းသိမ်းပေးလိုက်နော် မေမေဖေဖေတို့……

Crd

Zawgyi

သနပ္ခါးက သနပ္ခါးပင္ရဲ႕ အေခါက္၊အျမစ္တို႔ကေနရရွိတဲ့ အႏွစ္တစ္မ်ိဳးပါ။

အဝါေရာင္ နဲ႔ အျဖဴေရာင္ဆိုၿပီး အေရာင္ေတြ ကြာျခားႏိုင္ေပမယ့္ အက်ိဳးျပဳပုံခ်င္းကေတာ့ တူတူပါ။

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ေလာက္ကတည္းက သနပ္ခါးကို အသားအေရ လွပက်န္းမာေစဖို႔ အသုံးျပဳခဲ့ၾကပါတယ္။

သနပ္ခါးက အသားအေရကိုေအးျမေစၿပီး ေနေလာင္ဒဏ္ကေန ကာကြယ္ေပးႏိုင္ပါတယ္။ အသားအေရကိုေခ်ာေမြ႕ေစၿပီး အျပစ္အနာအဆာကင္းေစမွာပါ။

လူႀကီးေတြမွာဆိုရင္ ဝက္ၿခံ သက္သာေစဖို႔အတြက္ သနပ္ခါးလိမ္းေပးလို႔ရပါတယ္။

ေဘဘီေလးေတြကို ေရခ်ိဳးေပးၿပီး ခါးခါးေလးလူးေပးလိုက္ရင္ သနပ္ခါးနံ႔ေမႊးေမႊးေလးနဲ႔ ပိုၿပီးခ်စ္ဖို႔ေကာင္းတယ္ေနာ္။

 

ေဘဘီေလးပါးေပၚက သနပ္ခါးေမႊးေမႊးေလးက ကေလးကိုလည္း စိတ္ၾကည္လင္ေစမွာ အေသအခ်ာပါ။

သနပ္ခါးက သဘာဝပစၥည္းစစ္စစ္ျဖစ္သလို အေရျပားအမ်ိဳးအစားအားလုံးအတြက္ သင့္ေတာ္တာေၾကာင့္ ေဘဘီေလးက ဘယ္လိုအသားအေရအမ်ိဳးအစားျဖစ္ျဖစ္ စိတ္ခ်လက္ခ်အသုံးျပဳေပးလို႔ရပါတယ္။

သနပ္ခါးက မႈိပိုးေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိတာေၾကာင့္ ကေလးငယ္ေတြအေရျပားကို မႈိပိုးကေနထိထိေရာက္ေရာက္ကာကြယ္ေပးႏိုင္မွာပါ။

ဒါေတြတင္မဟုတ္ေသးပါဘူး။ သူ႔ရဲ႕ အေအးဓာတ္ေၾကာင့္ ကေလးငယ္ေလးေတြအေရျပားမွာျဖစ္တတ္တဲ့ မိတ္၊ အင္ျပင္၊ အဖုအပိမ့္ထြက္တာနဲ႔ အျခားေသာအေရျပားျပႆနာေတြကို သက္သာေစႏိုင္စြမ္းလည္းရွိပါတယ္။

သနပ္ခါးက အေရျပားကိုေနေလာင္ဒဏ္ကေနကာကြယ္ေပးႏိုင္သလို ပတ္ဝန္းက်င္မွာရွိေနတဲ့ ညစ္ညမ္းတဲ့ေလထုေၾကာင့္ အသားအေရထိခိုက္မႈ၊ free radicalsေတြေၾကာင့္ အသားအေရပ်က္စီးတာေတြရဲ႕ အႏၲရာယ္ကေန ကာကြယ္ေပးၿပီး အေရျပားကိုလည္း အစိုဓာတ္ထိန္းေပးပါေသးတယ္။

ဘက္တီးရီးယားေတြကို ကာကြယ္ေပးႏိုင္စြမ္းရွိေနေသးေတာ့ ေဘဘီေလးတြအေရျပားအတြက္ အေကာင္းဆုံးျဖစ္မယ္ဆိုတာ ေျပာေနစရာေတာင္မလိုေတာ့ပါဘူး။

ေႏြရာသီလိုမ်ိဳး အခ်ိန္မွာ ကေလးရဲ႕ အသားအေရကို သနပ္ခါးက ထိထိေရာက္ေရာက္ ကာကြယ္ေပးမွာပါ။

သတိျပဳရန္..

ေဆာင္းရာသီလိုမ်ိဳးအခ်ိန္မွာေတာ့ သနပ္ခါးက သိပ္မသင့္ေတာ္ပါဘူး။

အသားေျခာက္ႏိုင္တာျဖစ္တာေၾကာင့္ ေဆာင္းရာသီမွာဆိုရင္ေတာ့ မုန္ညင္းဆီ၊ သံလြင္ဆီ၊ အုန္းဆီလိုမ်ိဳး သဘာဝအဆီတစ္မ်ိဳးမ်ိဳး ဒါမွမဟုတ္ ေဘဘီေလးေတြအတြက္ သီးသန႔္ထုတ္ထားတဲ့ Baby Oilေလးေတြကို အသုံးျပဳေပးၿပီးေဘဘီေလးေတြရဲ႕ အသားအေရကို က်န္းမာေနေအာင္လုပ္ေဆာင္ေပးလို႔ရပါတယ္။

 

သနပ္ခါးကို ခပ္ထူထူေလးတာက ကေလး အသားအေရနဲ႔ ေမြးညင္းေပါက္ကို ပိတ္ေစတတ္လို႔ အတန္အသင့္ပဲ လိမ္းပါ။

ကေလးတိုင္း သနပ္ခါးနဲ႔ မတည့္ပါဘူး။

လိမ္းၿပီးမွ အင္ပ်ဥ္လို အကြက္ေတြ ထြက္လာရင္ ဆက္မလိမ္းပါနဲ႔။

သနပ္ခါးတုံးနဲ႔ ေက်ာက္ပ်ဥ္ သန႔္ရွင္းေနပါေစ။

မႈိတက္ေနရင္ ကေလးအေရျပားထိခိုက္တတ္ပါတယ္။

ကေလးကို သနပ္ခါးလိမ္းေပးလို႔ ရေပမယ့္ လသားကေလးေတြမွာ သနပ္ခါး မခြံ႕ဖို႔ အႀကံေပးလိုပါတယ္။

အသင့္လိမ္းသနပ္ခါးေတြထက္စာရင္ သနပ္ခါးတုံးကိုပဲ ေသြးလိမ္းေပးဖို႔ အႀကံျပဳပါရေစ။

သဘာဝပစၥည္း စစ္စစ္ေလးေတြ သုံးၿပီး ခ်စ္ဖို႔ေကာင္းတဲ့ ေဘဘီေလးေတြရဲ႕ အသားအေရကိုထိန္းသိမ္းေပးလိုက္ေနာ္ ေမေမေဖေဖတို႔……

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*