ဖတ္လို႔ၿပီးသြားမွာ ႏွေျမာရေလာက္ေအာင္ေကာင္းတဲ့ ဆရာႀကီး လယ္တြင္းသားေစာခ်စ္ရဲ႕

ဖတ်လို့ပြီးသွားမှာ နှမြောရလောက်အောင်ကောင်းတဲ့ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ပိုစ့်စာမူဖြစ်ပါတယ်။ ဖတ်စေချင်လို့ကော်ပီယူလာတာ

စစ်သားတွေ ငိုသတဲ့

လယ်တွင်းသား စောချစ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင် ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ ညောင်ပင်ကြီးအောက်ရောက်လာသည်။

” ဟေ့ကောင်တွေ… ရွာလယ်တိုက်ပျက်ကြီး ထဲမှာနေတဲ့စစ်သားတွေ…ငိုနေကြတယ်ကွ…”

သတင်းထူး၊ သတင်းဦးကို အမောတကော ပြေးလာပြောခြင်း ဖြစ’ဘာဖြစ်လို့ငိုတာလဲကွ…”တအံံ့တသြ မေးမိကြသောစကား။

” မသိဘူးကွ…၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ…။ တချို့ကတော့ တိုက်နံရံ ကို လက်သီးနဲ့ထိုးပြီး ငိုတာကွ…””လာကွာ… သွားကြည့်ရအောင်…”

 

 

 

 

လှရွှေပြောသည်မှာ စိတ်ဝင်စားစရာမို့ကျွန်တော်တို့သွားကြည့်ကြသည်။ ဟုတ်ပါ သည်။ တိုက်ပျက်ကြီးထဲမှာ စခန်းချနေကြသော စစ်သားတိုင်း ငိုနေကြသည်။ မငိုသူတစ်ယောက် မျှမရှိ။ ဘာကြောင့်ငိုသည်ကို ဘယ်သူမျှမသိ။ ဘယ်သူ့မှလည်းမေး၍မရ ကျွန်တော်အိမ်ပြန် လာသည်။ အမေ့ကို မေးမည်။

” အမေ…အမေ…”

အိမ်ထဲဝင်သွားတော့ အမေဝမ်းပန်းတနည်း ငိုနေသည်။ ဆွေထဲ၊ မျိုးထဲမှ ချစ်ခင်သူ တစ်ယောက်သေဆုံး၍ ဝမ်းပန်းတနည်း ငိုကြွေး နေသောပုံ။” အမေ…ဘာဖြစ်လို့ငိုတာလဲ…ဘယ်သူသေ လို့ငိုတာလဲ…”

”ဗိုလ်ချုပ်အောင်ဆန်းသေပြီ ငါ့သားရဲ့ ” ” ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ အမေ…”ထိုနေ့ညမှစပြီး အမေက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပုံပြင်သဖွယ် ပြောပြသည်။

အမေက မြင်းခြံမြို့ နော်မန်ကျောင်းမှာ ၉ တန်းအထိ နေဖူးသည်။ ဗိုလ်ချုပ်ကို ချစ်ခင် လေးစား၍ ဗိုလ်ချုပ်အကြောင်း ကောင်းစွာ ပြောနိုင်ပါသည်။

နောင်ကြီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များမှာ ဖတ်၍ ပိုသိရသည်။

ဗိုလ်ချုပ်ကွယ်လွန်သောအခါ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဝမ်းနည်းပူဆွေး ငိုကြွေးကြသည်ဟု ဖတ်ရသော အခါ…” ဟုတ်တယ်ဗျ… အညာကျေးက ကျွန်တော် တို့ရွာကလေးမှာလည်း ငိုကြတယ်ဗျ…”ဟု ထောက်ခံမိပါသည်။

 

 

ဗိုလ်ချုပ်ကို တစ်နိုင်ငံလုံး ချစ်ကြသည်။ လေးစားကြသည်။ အမြတ်တနိုးတန်ဖိုးထား ကြည်ညိုကြသည်။ဘာကြောင့်ပါနည်း။

ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ် နိုးသည်။ သူ့ကိုယ်ကျိုးထက် တိုင်းပြည်နှင့် လူမျိုး အကျိုးကို ပိုပြီးအလေးအမြတ်ထားသည်။ ဂျပန် ခေတ် ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားစဉ် ဂျပန်များက နေ့စဉ်ပါးကိုရိုက်လွန်း၍ တစ်ယောက် က မခံနိုင်တော့ကြောင်း ပြောသည်။ ဗိုလ်ချုပ် က သူတို့ကို ပြန်တော်လှန်မည်ဆိုလျှင် သူတို့ထံမှ စစ်ပညာကို တတ်မြောက်ရန်လိုကြောင်း ပါး တစ်ချက်အရိုက်ခံရတိုင်း လွတ်လပ်ရေးရဖို့ တစ်ရက်ပိုနီးသွားပြီဟု မှတ်ယူရန် ပြောဆို သည်။ ထိုအချိန်က ဗိုလ်ချုပ်သည် အသက်ငယ် သေးသော်လည်း စိတ်ထားကြီးပေစွ။ တိုင်းပြည် လွတ်လပ်ရေးအပေါ်ထားသော စိတ်ဓာတ် ကြီးမြတ်ပေစွ။

ဗိုလ်ချုပ်သည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သော်လည်း ဗိုလ်ချုပ်မှာ ဘာမျှမရှိ။ တစ်ညနေမှာ အစည်း အဝေးမရှိ။ ချိန်းဆိုထားတာမရှိ၍ ပလေဒီယံ ရုပ်ရှင်ရုံမှာပြနေသော အင်္ဂလိပ်ဟာသကားကို ကြည့်ချင်သည်။

သူ၏ကိုယ်ရံတော်အပါးတော်မြဲ ဗိုလ်ထွန်းလှ ကို ပိုက်ဆံမည်မျှရှိသနည်းမေးသည်။ ဗိုလ်ထွန်း လှက နှစ်ကျပ်ရှိကြောင်း ပြောသည်။ ဗိုလ်ချုပ် က နှစ်ကျပ်ရှိလျှင် တစ်ကျပ်ကို ငါးမူးတန်းမှ နှစ်ယောက်ကြည့်၍ရကြောင်းပြောပြီး ဆရာ တပည့်ရုပ်ရှင်သွားကြည့်ကြသည်။ ဆင်းရဲသား များ ကြည့်သောအတန်းဖြစ်သည်။ သူတို့ရှေ့မှာ တစ်မတ်တန်းသာရှိသည်။ သူတို့နောက်မှာ တစ်ကျပ်တန်း၊ နှစ်ကျပ်တန်း၊ အထူးတန်းများ ရှိသည်။

ငါးမူးတန်းရှေ့ဆုံးအတန်းမှာ ရုပ်ရှင်ထိုင် ကြည့်နေသော ဗိုလ်ချုပ်ကို တစ်မတ်တန်းမှ လူ များတွေ့သွားကြသည်။ ဗိုလ်ချုပ်ရှိရာ နောက်သို့ လည်ပြန်လှည့်ကြည့်ရင်း စိတ်မကောင်းဖြစ်ကြ သည်။ ရုပ်ရှင်မကြည့်နိုင်။ နောက်တန်းများမှ လူများမှာလည်း တစ်မတ်တန်းက လူများ၏ ထူးခြားမှုကြောင့် ဗိုလ်ချုပ်ကိုတွေ့သွားကြသည်။ စိတ်မကောင်းဖြစ်ကြသည်။

 

 

 

 

 

”သြော်…ဗိုလ်ချုပ်ရယ်…”

ခံစားကြရသောစိတ်ကြောင့် ဟာသကားမှာ လည်း မရယ်ရတော့ကြောင်း ဗိုလ်ထွန်းလှက ပြောပြသည်။

”ကြီးကျယ်ခမ်းနားလိုက်တာ ဗိုလ်ချုပ်ရယ်… လွမ်းစရာကောင်းလိုက်တာ” ဟု ခံစားမိရပါ၏။

လွတ်လပ်ရေးအတွက် ဘိလပ်ကို ဗိုလ်ချုပ် သွားသောအခါ ဝတ်စရာ အနွေးထည်မပါ။ လွတ်လပ်ရေးအတွက် ပြည့်စုံစွာ ပြောဆိုရန် ပြင်ဆင်သွားသော်လည်း ကိုယ့်အတွက်ဘာမျှ ပြင်ဆင်ခြင်းမရှိ။

အိန္ဒိယနိုင်ငံတွင် ခရီးတစ်ထောက်နားမှ မိတ်ဆွေကောင်း မစ္စတာနေရူးက ဘိလပ်မှာ အလွန်အေးနေကြောင်း သတိပေးပြောဆိုပြီး အနွေးထည်ချုပ်ပေးလိုက်ရသည်။

ထိုလောင်းကုတ်အင်္ကျီကြီးမှာ ဗိုလ်ချုပ်နှင့် ခန့်ညားစွာ လိုက်ဖက်လှပါ၏။ လောင်းကုတ် အင်္ကျီအိတ်ထောင်များတွင် လက်နှစ်ဖက် နှိုက်၍ ရိုက်ထားသောဓာတ်ပုံမှာ ကြည့်၍ကောင်းလေစွ။

”ဘိလပ်ကိုသွားတာ ဘာပါလဲမေးကြတယ်၊ လောင်းကုတ်အင်္ကျီတစ်ထည်ပါတယ်” ဗိုလ်ချုပ် က ဟာသစကားကြွားကြွားဝါဝါ ပြောခြင်းဖြစ်၏။

နွေရာသီအစည်းအဝေးတစ်ခုမှာ ဗိုလ်ချုပ်က လောင်းကုတ်အင်္ကျီကြီးဝတ်ထားသည်။ လူများ က ပြုံးစိစိ။

နွေရာသီမှာပူ၍ လောင်းကုတ်အင်္ကျီကြီး ချွတ်ထားရန် အစည်းအဝေးမှ မိတ်ဆွေများက ပြောကြသည်။

”ကျုပ်နေမကောင်းလို့ဗျ…”

ရင်းနှီးသူတစ်ယောက်က ဗိုလ်ချုပ်နောက် ဘက်သို့သွားပြီး … ”ဗိုလ်ချုပ်က နေမကောင်းဘူးသာဆိုတာ ချွေးတွေကလည်းရွှဲလို့… ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေပါဦးမယ်…”

ပြောပြောဆိုဆိုအင်္ကျီကို နောက်မှဆွဲချွတ် လိုက်သည်။ အင်္ကျီလက်ထဲပါလာသည်။ သို့သော် ချွတ်သူက ဆက်မချွတ်နိုင်။ဗိုလ်ချုပ်ကျောမှာ အင်္ကျီကပြဲနေသည်။ ကျန်လူများလည်းလှမ်းမြင်၍ စိတ်မကောင်း ဖြစ်ကြသည်။

”ကဲဗျာ…ခုမှတော့ စိတ်မကောင်းဖြစ်မနေ ကြပါနဲ့ ဆက်ပြီးသာချွတ်လိုက်ပါ…”ဗိုလ်ချုပ်က ဘာမျှမဖြစ်။ အစည်းအဝေး ဆက်ပြီး ဆွေးနွေးသည်။

”သြော် ဂုဏ်တင့်လိုက်တာ ဗိုလ်ချုပ်ရယ်…ကြည်ညိုစရာလေးစားစရာကောင်းလိုက်တာ…” မရှိ၍ ရှိခြင်းဖြစ်ပါ၏။ ၁၉၆၅ ခုနှစ်တွင် ကျွန်တော် တို့တက္ကသိုလ် လူရည်ချွန်ကျောင်းသားဘဝက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွားလေ့လာရ သည်။ လူမှု အသုံးအဆောင်ပစ္စည်းဆို၍ ခမ်းခမ်း နားနား ဘာမျှ မရှိပါ။ ဗိုလ်ချုပ်၏ အဝတ်ဗီရိုထဲမှာ ဝတ်စုံလေး သုံး၊ လေးစုံသာရှိပါသည်။ ပြတိုက်မှ ရှင်းပြသူက-

”ဒီရွှေတောင်ပိုးလုံချည်လေးက ဗိုလ်ချုပ် အလွန်ကြိုက်ပါတယ်။ အခမ်းအနားသွားစရာ ရှိရင်… ဒီရွှေတောင်ပိုးလုံချည်လေးကိုပဲ ဝတ် လေ့ရှိပါတယ်…” ဟုပြောပြသည်။

‘ဒီပိုးလုံချည် မဝတ်ရင်ရော… တခြားဝတ် စရာ လုံချည်ကောင်းကောင်းရှိသေးလို့လား…” လူရည်ချွန် ကျောင်းသားတစ်ယောက်၏ မေးခွန်းဖြစ်သည်။ ”မရှိပါဘူး…”ရှင်းပြသူက ဖြေသည်။

မရှိသော ဗိုလ်ချုပ်ကို ချစ်ခင်လေးစားစွာ ဂုဏ်ယူကြရသည်။

လွန်ခဲ့သည့် ခြောက်နှစ်က ဗီယက်နမ်စာပေ အသင်းဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံသို့ ရောက်သည်။ နှစ်နိုင်ငံ စာရေးဆရာ အသင်းများချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုး ကြသည်။

ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းအကြောင်း စာအုပ်များစွာ ဖတ်ထား၍ သမ္မတကြီးဟိုချီမင်း ကို လေးစားသည်။ သမ္မတအိမ်ကို လိုက်ပြပါရန် ကျွန်တော်က တောင်းဆိုသည်။ ဗီယက်နမ် စာရေးဆရာများ လိုက်ပို့ကြပါသည်။ သမ္မတအိမ် ကို လူအများထူးခြားစွာ စိတ်ဝင်စားကြသည်။ နိုင်ငံခြားသားများစွာ လာချင်ကြသည်။

မိုးနှင်းများ တဖွဲဖွဲရွာနေစဉ်မှာ ထီးဆောင်း ထားသော လူတန်းကြီး တန်းစီနေကြသည်။

သစ်သားနှစ်ထပ်အိမ် မကြီးမသေးဖြစ်သည်။ လူတစ်ယောက် သင့်လျော်စွာ နေထိုင်နိုင်သော အိမ်ဖြစ်ပါသည်။ သမ္မတကြီး ဟိုချီမင်းမှာ လူပျို ကြီးဖြစ်သည်။

ခမ်းနားကြီးကျယ်သော လူ့အသုံးအဆောင် ပစ္စည်းဟူ၍ ဘာမျှမရှိပါ။

လူအများစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ နေကြသည်မှာ သမ္မတကြီး ဟိုချီမင်း၏ ဘာမျှမရှိ ခြင်းဖြစ်သည်။

ဗီယက်နမ်စာပေအသင်း ဥက္ကဋ္ဌက ကျွန်တော့်ကို ကြွားဝါပြောဆိုနေသည်မှာလည်း သမ္မတကြီးမှာဘာမျှမရှိခြင်းအကြောင်းဖြစ်သည်။

ကျွန်တော်က ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌကို မြန်မာနိုင်ငံသို့ ပြန်လည်ဖိတ်ကြားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရောက်လျှင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကိုပြန်လည်ပြသမည်ဖြစ် ကြောင်း ပြောပါသည်။

ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌက ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို သိပါကြောင်း၊ လေးစားပါကြောင်း ပြန်ပြောသည်။

ကျွန်တော့်စိတ်ထဲမှာ ဝမ်းသာအားတက်နေ သည်။ ဗီယက်နမ်စာပေဥက္ကဋ္ဌနှင့်အဖွဲ့လာလျှင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်ပြပြီး ပြန်ကြွားလိုက်ချင်သည်။

ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မရှိ၍ ရှိသူဖြစ်၏။

ထိုသို့မရှိ၍ ရှိသောကြောင့်ပင် ကျွန်တော်တို့ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ဗိုလ်ချုပ်ကို ချစ်ကြ၊ ကြည်ညိုကြ၊ မြတ်နိုး လေးစားဂုဏ်ယူနေကြရခြင်းဖြစ်ပါ၏။

ဇူလိုင်၁၉ အကြိုလေးပါ

credit-Original writer & all uploaders.

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

Zawgyi

ဖတ္လို႔ၿပီးသြားမွာ ႏွေျမာရေလာက္ေအာင္ေကာင္းတဲ့ ဆရာႀကီး လယ္တြင္းသားေစာခ်စ္ရဲ႕ပိုစ့္စာမူျဖစ္ပါတယ္။ ဖတ္ေစခ်င္လို႔ေကာ္ပီယူလာတာ

စစ္သားေတြ ငိုသတဲ့

လယ္တြင္းသား ေစာခ်စ္

၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ ေန႔ခင္းပိုင္းတြင္ ႐ြာလယ္ပိုင္းမွ လွေ႐ႊ ကြၽန္ေတာ္တို႔အိမ္ေရွ႕မွ ေညာင္ပင္ႀကီးေအာက္ေရာက္လာသည္။

” ေဟ့ေကာင္ေတြ… ႐ြာလယ္တိုက္ပ်က္ႀကီး ထဲမွာေနတဲ့စစ္သားေတြ…ငိုေနၾကတယ္ကြ…”

သတင္းထူး၊ သတင္းဦးကို အေမာတေကာ ေျပးလာေျပာျခင္း ျဖစ’ဘာျဖစ္လို႔ငိုတာလဲကြ…”တအံံ့တၾသ ေမးမိၾကေသာစကား။

” မသိဘူးကြ…၊ တခ်ိဳ႕က တိုက္နံရံေခါင္းနဲ႔ ေဆာင့္ၿပီး ငိုတာကြ…။ တခ်ိဳ႕ကေတာ့ တိုက္နံရံ ကို လက္သီးနဲ႔ထိုးၿပီး ငိုတာကြ…””လာကြာ… သြားၾကည့္ရေအာင္…”

လွေ႐ႊေျပာသည္မွာ စိတ္ဝင္စားစရာမို႔ကြၽန္ေတာ္တို႔သြားၾကည့္ၾကသည္။ ဟုတ္ပါ သည္။ တိုက္ပ်က္ႀကီးထဲမွာ စခန္းခ်ေနၾကေသာ စစ္သားတိုင္း ငိုေနၾကသည္။ မငိုသူတစ္ေယာက္ မွ်မရွိ။ ဘာေၾကာင့္ငိုသည္ကို ဘယ္သူမွ်မသိ။ ဘယ္သူ႔မွလည္းေမး၍မရ ကြၽန္ေတာ္အိမ္ျပန္ လာသည္။ အေမ့ကို ေမးမည္။

” အေမ…အေမ…”

အိမ္ထဲဝင္သြားေတာ့ အေမဝမ္းပန္းတနည္း ငိုေနသည္။ ေဆြထဲ၊ မ်ိဳးထဲမွ ခ်စ္ခင္သူ တစ္ေယာက္ေသဆုံး၍ ဝမ္းပန္းတနည္း ငိုေႂကြး ေနေသာပုံ။” အေမ…ဘာျဖစ္လို႔ငိုတာလဲ…ဘယ္သူေသ လို႔ငိုတာလဲ…”

”ဗိုလ္ခ်ဳပ္ေအာင္ဆန္းေသၿပီ ငါ့သားရဲ႕ ” ” ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆိုတာ ဘယ္သူလဲ အေမ…”ထိုေန႔ညမွစၿပီး အေမက ဗိုလ္ခ်ဳပ္ေအာင္ဆန္း အေၾကာင္း ပုံျပင္သဖြယ္ ေျပာျပသည္။

အေမက ျမင္းၿခံၿမိဳ႕ ေနာ္မန္ေက်ာင္းမွာ ၉ တန္းအထိ ေနဖူးသည္။ ဗိုလ္ခ်ဳပ္ကို ခ်စ္ခင္ ေလးစား၍ ဗိုလ္ခ်ဳပ္အေၾကာင္း ေကာင္းစြာ ေျပာႏိုင္ပါသည္။

ေနာင္ႀကီးလာေသာအခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အေၾကာင္း စာအုပ္မ်ားမွာ ဖတ္၍ ပိုသိရသည္။

ဗိုလ္ခ်ဳပ္ကြယ္လြန္ေသာအခါ တစ္ႏိုင္ငံလုံး လွည္းေန ေလွေအာင္း ျမင္းေဇာင္းမက်န္ ဝမ္းနည္းပူေဆြး ငိုေႂကြးၾကသည္ဟု ဖတ္ရေသာ အခါ…” ဟုတ္တယ္ဗ်… အညာေက်းက ကြၽန္ေတာ္ တို႔႐ြာကေလးမွာလည္း ငိုၾကတယ္ဗ်…”ဟု ေထာက္ခံမိပါသည္။

ဗိုလ္ခ်ဳပ္ကို တစ္ႏိုင္ငံလုံး ခ်စ္ၾကသည္။ ေလးစားၾကသည္။ အျမတ္တႏိုးတန္ဖိုးထား ၾကည္ညိဳၾကသည္။ဘာေၾကာင့္ပါနည္း။

ဗိုလ္ခ်ဳပ္သည္ တိုင္းျပည္ႏွင့္လူမ်ိဳးကိုခ်စ္ျမတ္ ႏိုးသည္။ သူ႔ကိုယ္က်ိဳးထက္ တိုင္းျပည္ႏွင့္ လူမ်ိဳး အက်ိဳးကို ပိုၿပီးအေလးအျမတ္ထားသည္။ ဂ်ပန္ ေခတ္ ဂ်ပန္ႏိုင္ငံမွာ စစ္ပညာသင္ၾကားစဥ္ ဂ်ပန္မ်ားက ေန႔စဥ္ပါးကို႐ိုက္လြန္း၍ တစ္ေယာက္ က မခံႏိုင္ေတာ့ေၾကာင္း ေျပာသည္။ ဗိုလ္ခ်ဳပ္ က သူတို႔ကို ျပန္ေတာ္လွန္မည္ဆိုလွ်င္ သူတို႔ထံမွ စစ္ပညာကို တတ္ေျမာက္ရန္လိုေၾကာင္း ပါး တစ္ခ်က္အ႐ိုက္ခံရတိုင္း လြတ္လပ္ေရးရဖို႔ တစ္ရက္ပိုနီးသြားၿပီဟု မွတ္ယူရန္ ေျပာဆို သည္။ ထိုအခ်ိန္က ဗိုလ္ခ်ဳပ္သည္ အသက္ငယ္ ေသးေသာ္လည္း စိတ္ထားႀကီးေပစြ။ တိုင္းျပည္ လြတ္လပ္ေရးအေပၚထားေသာ စိတ္ဓာတ္ ႀကီးျမတ္ေပစြ။

ဗိုလ္ခ်ဳပ္သည္ ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္၊ စစ္ဗိုလ္ခ်ဳပ္တစ္ေယာက္ ျဖစ္ေသာ္လည္း ဗိုလ္ခ်ဳပ္မွာ ဘာမွ်မရွိ။ တစ္ညေနမွာ အစည္း အေဝးမရွိ။ ခ်ိန္းဆိုထားတာမရွိ၍ ပေလဒီယံ ႐ုပ္ရွင္႐ုံမွာျပေနေသာ အဂၤလိပ္ဟာသကားကို ၾကည့္ခ်င္သည္။

သူ၏ကိုယ္ရံေတာ္အပါးေတာ္ၿမဲ ဗိုလ္ထြန္းလွ ကို ပိုက္ဆံမည္မွ်ရွိသနည္းေမးသည္။ ဗိုလ္ထြန္း လွက ႏွစ္က်ပ္ရွိေၾကာင္း ေျပာသည္။ ဗိုလ္ခ်ဳပ္ က ႏွစ္က်ပ္ရွိလွ်င္ တစ္က်ပ္ကို ငါးမူးတန္းမွ ႏွစ္ေယာက္ၾကည့္၍ရေၾကာင္းေျပာၿပီး ဆရာ တပည့္႐ုပ္ရွင္သြားၾကည့္ၾကသည္။ ဆင္းရဲသား မ်ား ၾကည့္ေသာအတန္းျဖစ္သည္။ သူတို႔ေရွ႕မွာ တစ္မတ္တန္းသာရွိသည္။ သူတို႔ေနာက္မွာ တစ္က်ပ္တန္း၊ ႏွစ္က်ပ္တန္း၊ အထူးတန္းမ်ား ရွိသည္။

ငါးမူးတန္းေရွ႕ဆုံးအတန္းမွာ ႐ုပ္ရွင္ထိုင္ ၾကည့္ေနေသာ ဗိုလ္ခ်ဳပ္ကို တစ္မတ္တန္းမွ လူ မ်ားေတြ႕သြားၾကသည္။ ဗိုလ္ခ်ဳပ္ရွိရာ ေနာက္သို႔ လည္ျပန္လွည့္ၾကည့္ရင္း စိတ္မေကာင္းျဖစ္ၾက သည္။ ႐ုပ္ရွင္မၾကည့္ႏိုင္။ ေနာက္တန္းမ်ားမွ လူမ်ားမွာလည္း တစ္မတ္တန္းက လူမ်ား၏ ထူးျခားမႈေၾကာင့္ ဗိုလ္ခ်ဳပ္ကိုေတြ႕သြားၾကသည္။ စိတ္မေကာင္းျဖစ္ၾကသည္။

”ေၾသာ္…ဗိုလ္ခ်ဳပ္ရယ္…”

ခံစားၾကရေသာစိတ္ေၾကာင့္ ဟာသကားမွာ လည္း မရယ္ရေတာ့ေၾကာင္း ဗိုလ္ထြန္းလွက ေျပာျပသည္။

”ႀကီးက်ယ္ခမ္းနားလိုက္တာ ဗိုလ္ခ်ဳပ္ရယ္… လြမ္းစရာေကာင္းလိုက္တာ” ဟု ခံစားမိရပါ၏။

လြတ္လပ္ေရးအတြက္ ဘိလပ္ကို ဗိုလ္ခ်ဳပ္ သြားေသာအခါ ဝတ္စရာ အေႏြးထည္မပါ။ လြတ္လပ္ေရးအတြက္ ျပည့္စုံစြာ ေျပာဆိုရန္ ျပင္ဆင္သြားေသာ္လည္း ကိုယ့္အတြက္ဘာမွ် ျပင္ဆင္ျခင္းမရွိ။

အိႏၵိယႏိုင္ငံတြင္ ခရီးတစ္ေထာက္နားမွ မိတ္ေဆြေကာင္း မစၥတာေန႐ူးက ဘိလပ္မွာ အလြန္ေအးေနေၾကာင္း သတိေပးေျပာဆိုၿပီး အေႏြးထည္ခ်ဳပ္ေပးလိုက္ရသည္။

ထိုေလာင္းကုတ္အက်ႌႀကီးမွာ ဗိုလ္ခ်ဳပ္ႏွင့္ ခန႔္ညားစြာ လိုက္ဖက္လွပါ၏။ ေလာင္းကုတ္ အက်ႌအိတ္ေထာင္မ်ားတြင္ လက္ႏွစ္ဖက္ ႏႈိက္၍ ႐ိုက္ထားေသာဓာတ္ပုံမွာ ၾကည့္၍ေကာင္းေလစြ။

”ဘိလပ္ကိုသြားတာ ဘာပါလဲေမးၾကတယ္၊ ေလာင္းကုတ္အက်ႌတစ္ထည္ပါတယ္” ဗိုလ္ခ်ဳပ္ က ဟာသစကားႂကြားႂကြားဝါဝါ ေျပာျခင္းျဖစ္၏။

ေႏြရာသီအစည္းအေဝးတစ္ခုမွာ ဗိုလ္ခ်ဳပ္က ေလာင္းကုတ္အက်ႌႀကီးဝတ္ထားသည္။ လူမ်ား က ၿပဳံးစိစိ။

ေႏြရာသီမွာပူ၍ ေလာင္းကုတ္အက်ႌႀကီး ခြၽတ္ထားရန္ အစည္းအေဝးမွ မိတ္ေဆြမ်ားက ေျပာၾကသည္။

”က်ဳပ္ေနမေကာင္းလို႔ဗ်…”

ရင္းႏွီးသူတစ္ေယာက္က ဗိုလ္ခ်ဳပ္ေနာက္ ဘက္သို႔သြားၿပီး … ”ဗိုလ္ခ်ဳပ္က ေနမေကာင္းဘူးသာဆိုတာ ေခြၽးေတြကလည္း႐ႊဲလို႔… ကိုယ့္ေခြၽးနဲ႔ကိုယ္ အေအးပတ္ေနပါဦးမယ္…”

ေျပာေျပာဆိုဆိုအက်ႌကို ေနာက္မွဆြဲခြၽတ္ လိုက္သည္။ အက်ႌလက္ထဲပါလာသည္။ သို႔ေသာ္ ခြၽတ္သူက ဆက္မခြၽတ္ႏိုင္။ဗိုလ္ခ်ဳပ္ေက်ာမွာ အက်ႌကၿပဲေနသည္။ က်န္လူမ်ားလည္းလွမ္းျမင္၍ စိတ္မေကာင္း ျဖစ္ၾကသည္။

”ကဲဗ်ာ…ခုမွေတာ့ စိတ္မေကာင္းျဖစ္မေန ၾကပါနဲ႔ ဆက္ၿပီးသာခြၽတ္လိုက္ပါ…”ဗိုလ္ခ်ဳပ္က ဘာမွ်မျဖစ္။ အစည္းအေဝး ဆက္ၿပီး ေဆြးေႏြးသည္။

”ေၾသာ္ ဂုဏ္တင့္လိုက္တာ ဗိုလ္ခ်ဳပ္ရယ္…ၾကည္ညိဳစရာေလးစားစရာေကာင္းလိုက္တာ…” မရွိ၍ ရွိျခင္းျဖစ္ပါ၏။ ၁၉၆၅ ခုႏွစ္တြင္ ကြၽန္ေတာ္ တို႔တကၠသိုလ္ လူရည္ခြၽန္ေက်ာင္းသားဘဝက ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ကို သြားေလ့လာရ သည္။ လူမႈ အသုံးအေဆာင္ပစၥည္းဆို၍ ခမ္းခမ္း နားနား ဘာမွ် မရွိပါ။ ဗိုလ္ခ်ဳပ္၏ အဝတ္ဗီ႐ိုထဲမွာ ဝတ္စုံေလး သုံး၊ ေလးစုံသာရွိပါသည္။ ျပတိုက္မွ ရွင္းျပသူက-

”ဒီေ႐ႊေတာင္ပိုးလုံခ်ည္ေလးက ဗိုလ္ခ်ဳပ္ အလြန္ႀကိဳက္ပါတယ္။ အခမ္းအနားသြားစရာ ရွိရင္… ဒီေ႐ႊေတာင္ပိုးလုံခ်ည္ေလးကိုပဲ ဝတ္ ေလ့ရွိပါတယ္…” ဟုေျပာျပသည္။

‘ဒီပိုးလုံခ်ည္ မဝတ္ရင္ေရာ… တျခားဝတ္ စရာ လုံခ်ည္ေကာင္းေကာင္းရွိေသးလို႔လား…” လူရည္ခြၽန္ ေက်ာင္းသားတစ္ေယာက္၏ ေမးခြန္းျဖစ္သည္။ ”မရွိပါဘူး…”ရွင္းျပသူက ေျဖသည္။

မရွိေသာ ဗိုလ္ခ်ဳပ္ကို ခ်စ္ခင္ေလးစားစြာ ဂုဏ္ယူၾကရသည္။

လြန္ခဲ့သည့္ ေျခာက္ႏွစ္က ဗီယက္နမ္စာေပ အသင္းဥကၠ႒၏ ဖိတ္ၾကားခ်က္အရ ဗီယက္နမ္ ႏိုင္ငံသို႔ ေရာက္သည္။ ႏွစ္ႏိုင္ငံ စာေရးဆရာ အသင္းမ်ားခ်စ္ၾကည္ေရးစာခ်ဳပ္ လက္မွတ္ထိုး ၾကသည္။

ဗီယက္နမ္သမၼတႀကီး ဟိုခ်ီမင္းအေၾကာင္း စာအုပ္မ်ားစြာ ဖတ္ထား၍ သမၼတႀကီးဟိုခ်ီမင္း ကို ေလးစားသည္။ သမၼတအိမ္ကို လိုက္ျပပါရန္ ကြၽန္ေတာ္က ေတာင္းဆိုသည္။ ဗီယက္နမ္ စာေရးဆရာမ်ား လိုက္ပို႔ၾကပါသည္။ သမၼတအိမ္ ကို လူအမ်ားထူးျခားစြာ စိတ္ဝင္စားၾကသည္။ ႏိုင္ငံျခားသားမ်ားစြာ လာခ်င္ၾကသည္။

မိုးႏွင္းမ်ား တဖြဲဖြဲ႐ြာေနစဥ္မွာ ထီးေဆာင္း ထားေသာ လူတန္းႀကီး တန္းစီေနၾကသည္။

သစ္သားႏွစ္ထပ္အိမ္ မႀကီးမေသးျဖစ္သည္။ လူတစ္ေယာက္ သင့္ေလ်ာ္စြာ ေနထိုင္ႏိုင္ေသာ အိမ္ျဖစ္ပါသည္။ သမၼတႀကီး ဟိုခ်ီမင္းမွာ လူပ်ိဳ ႀကီးျဖစ္သည္။

ခမ္းနားႀကီးက်ယ္ေသာ လူ႔အသုံးအေဆာင္ ပစၥည္းဟူ၍ ဘာမွ်မရွိပါ။

လူအမ်ားစိတ္ဝင္စားစြာ ၾကည့္ရႈေလ့လာ ေနၾကသည္မွာ သမၼတႀကီး ဟိုခ်ီမင္း၏ ဘာမွ်မရွိ ျခင္းျဖစ္သည္။

ဗီယက္နမ္စာေပအသင္း ဥကၠ႒က ကြၽန္ေတာ့္ကို ႂကြားဝါေျပာဆိုေနသည္မွာလည္း သမၼတႀကီးမွာဘာမွ်မရွိျခင္းအေၾကာင္းျဖစ္သည္။

ကြၽန္ေတာ္က ဗီယက္နမ္စာေပအသင္းဥကၠ႒ကို ျမန္မာႏိုင္ငံသို႔ ျပန္လည္ဖိတ္ၾကားမည္ျဖစ္ ေၾကာင္း၊ ျမန္မာႏိုင္ငံေရာက္လွ်င္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းျပတိုက္ကိုျပန္လည္ျပသမည္ျဖစ္ ေၾကာင္း ေျပာပါသည္။

ဗီယက္နမ္စာေပအသင္းဥကၠ႒က ဗိုလ္ခ်ဳပ္ ေအာင္ဆန္းအေၾကာင္းကို သိပါေၾကာင္း၊ ေလးစားပါေၾကာင္း ျပန္ေျပာသည္။

ကြၽန္ေတာ့္စိတ္ထဲမွာ ဝမ္းသာအားတက္ေန သည္။ ဗီယက္နမ္စာေပဥကၠ႒ႏွင့္အဖြဲ႕လာလွ်င္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ကို လိုက္ျပၿပီး ျပန္ႂကြားလိုက္ခ်င္သည္။

ကြၽန္ေတာ္တို႔၏ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ မရွိ၍ ရွိသူျဖစ္၏။

ထိုသို႔မရွိ၍ ရွိေသာေၾကာင့္ပင္ ကြၽန္ေတာ္တို႔ တစ္ႏိုင္ငံလုံး လွည္းေနေလွေအာင္း ျမင္းေဇာင္း မက်န္ ဗိုလ္ခ်ဳပ္ကို ခ်စ္ၾက၊ ၾကည္ညိဳၾက၊ ျမတ္ႏိုး ေလးစားဂုဏ္ယူေနၾကရျခင္းျဖစ္ပါ၏။

ဇူလိုင္၁၉ အႀကိဳေလးပါ

credit-Original writer & all uploaders.

ေလးစားစြာျဖင့္ျပန္လည္မွ်ေဝပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*