Knowledge

မိသားစုကိုဦးဆောင်နိုင်ဖို့ မိဘတွေအနေနဲ့ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ

မိဘတိုင်းက ကိုယ့်ရဲ့ကလေးလေးတွေ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့သူတွေဖြစ်ချင်ကြမှာပါ။ ညီအစ်ကိုမောင်နှမချင်း ချစ်ချစ်ခင်ခင်နေထိုင်တတ်ဖို့က မိဘတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ တစ်ချို့သောမိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို့ သူစိမ်းတွေလောက် ရင်းနှီးချစ်ခင်မှုမရှိတာကို တွေ့နေရတတ်ပါတယ်။ မိဘတိုင်းက မောင်နှမချင်းချစ်ခင်တတ်ဖို့ကို သူတို့ရဲ့ပထမဆုံး ကလေးလေးကနေ သင်ပြပေးဖို့လိုအပ်ပါတယ်နော်။ ကိုယ့်ရဲ့ ကလေးလေးတွေ တစ်ယောက်နဲ့တစ်ယေက် ချစ်ချစ်ခင်ခင်ဖြစ်ဖို့က ပထမဆုံးကလေးပေါ်မှာ အများကြီးမူတည်ပြီးတော့ နောက်ကလေးတွေက သူတို့ရဲ့အကြီးတွေဆီကနေ အတုယူတတ်ကြတာ ဖြစ်ပါတယ်။ မျှဝေတတ်ဖို့ကိုသင်ကြားပေးပါ။ ကလေးတွေဆိုတာ သင်လွယ်တတ်လွယ်တဲ့ အရွယ်ဖြစ်သလို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကလေးက […]