
ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့သူများအတွက် နည်းလမ်းကောင်းများ ဆောင်းရာသီမှာ အများဆုံးဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာနှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက်အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။ (၁) သျခားသီး မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီးစိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာအသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းပေါ်မှာ သခွားသီးစိတ်လေးတွေ ကပ်ထားပေးရုံနဲ့ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ […]